(၄၈)

6.2K 799 23
                                    

{Unicode}

အခန်း (၄၈)

တင်းယိနန်သည် မြေအောက်ကားပါကင်၏ ဓာတ်လှေကား အဝင်ပေါက်တွင် ခဏမျှရပ်စောင့်နေရင်း သူတို့အဖွဲ့ ဂရုချက်ထဲက စာတွေ ဝင်ဖတ်နေလိုက်သည်။

အဖွဲ့သား အများစုမှာ သူတို့ တာဝန်ယူထားရသည့် အလုပ်များ ပြီးဆုံးသွားကြပြီဖြစ်ကာ နာမည်ကြီးများ၏ ဖန်သားပြင်ပေါ်တွင် တွေ့ရသည့် ပုံစံနှင့် တကယ့်အပြင်ဘက်ရှိ ခြားနားချက်များကို ပြောဆိုလျက်ရှိကြသည်။ တင်းယိနန်သည် ဖျော်ဖြေရေးနယ်ပယ်မှ သတင်းများနှင့် ပတ်သက်၍ သိပ်စိတ်ဝင်စားလေ့ မရှိရာ မည်သည့် မှတ်ချက်မျှ ဝင်မပေးဘဲ လုပ်ဖော်ကိုင်ဖက်တွေ မကျေနပ်ချက် ညည်းညူနေကြသည်ကိုသာ တိတ်တိတ်လေး ဖတ်နေလိုက်၏။

ခဏအကြာတွင် သူ့နောက်နားဆီမှ ခြေသံတစ်သံကို ကြားလိုက်ရပြန်သည်။

တင်းယိနန်သည် ဓာတ်လှေကားနားတွင် ရပ်နေသည်ဖြစ်ရာ ခြေသံကြားလိုက်လေတိုင်း အလိုလို လှည့်ကြည့်မိရသည်။ သို့သော်လည်း ယခုတစ်ခါ ကြားလိုက်ရသည့် ခြေသံကမူ သူနှင့် လွန်စွာမှပင် ရင်းနှီးကျွမ်းဝင်နေသည့် လေသံဖြစ်ပြီး တင်းယိနန်သည် တမင်သက်သက်ပင် လှည့်မကြည့်မိအောင် စိတ်ကို ထိန်းထားလိုက်ရ၏။

နောက်စက္ကန့်ပိုင်းအတွင်းတွင် တစ်စုံတစ်ယောက်က သူ့ကို အနောက်ဖက်မှနေ၍ ရုတ်ခြည်း သိုင်းဖက်လိုက်ရာ လက်ထဲ ကိုင်ထားသည့် ဖုန်းပင် လွတ်ကျချင်ချင်ဖြစ်သွားရသည်။

" ဘာလုပ် "

တင်းယိနန်သည် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ဟော့ကျိရှောင်းကို ဘေးဘီလေးဘာလေးကြည့်ဦးဟူ၍ ​သတိပေးလိုက်ချင်သော်လည်း သူ့ကို လာကပ်နေသည့် သကြားလုံးကြီးက မည်သို့ ခွာချခွာချ၊ ကွာကျသွားမည့်ဟန် မရှိဘဲဖြစ်နေသည်။

" မင်း ခုနက ငါ့ကို ဘယ်လိုခေါ်လိုက်တာ "

ဟော့ကျိရှောင်းသည် တင်းယိနန်ကို ခပ်တင်းတင်း ဖက်ထားရင်းက မေးလာသည်။ သူ့ပုံစံသည် အလွန်အမင်း စိတ်လှုပ်ရှားနေသည့်အတိုင်း။

တင်းယိနန်က မျက်နှာအမူအရာ နည်းနည်းမှ ပြောင်းလဲမှု မရှိဘဲနှင့် ပြန်ဖြေသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now