အချပ်ပို (၇)

3.4K 497 26
                                    

{Unicode}

ကောရိ နှင့် လင်းကော် (အဆုံး)

လင်းကော်၏ အိမ်သစ်သည် အပြီးသတ် အလှဆင်နေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

လုပ်နေကျအတိုင်း ကုမ္ပဏီဘက်မှ ဝန်ထမ်းများသည် အခန်းအလှဆင် ပစ္စည်းများနှင့်အတူ တပ်ဆင်ဖို့ရန် ရောက်ရှိလာကြပြီး ထိုအတွက် အိမ်တွင် တဦးတယောက် ရှိနေပေးဖို့ လိုအပ်သည်။

မူလက ထိုကိစ္စများကို ကောရိအောက်မှ အလုပ်သင်ထံ တာဝန်လွှဲပြောင်းပေးထားတာဖြစ်သည်။ သို့သော်လည်း ယနေ့တွင်မူ အထူးအခြေအနေတစ်ခုအနေဖြင့် အနှီအလုပ်သင်လေးသည် သူ့ ကျောင်းကိစ္စကြောင့် တရက်ခွင့်ယူထားသည်။ ကောရိသည် ထိုကိစ္စနှင့် ပတ်သက်၍ တင်းယိနန်ကို ဖိအားပေးဖို့ရန် မဖြစ်နိုင်သောကြောင့် သူ့ဘက်ကစပြီး တာဝန်ယူဖို့ လုပ်ဆောင်ရတော့သည်။

" ငါ့ကို မသွားစေချင်တာ သေချာလား "

တင်းယိနန်က မေးလာသည်။

ကြည့်ရသည်မှာ သူ လင်းကော်ကို ရှောင်နေတုန်းဟု ထင်၍ ထိုသို့ မေးလာခြင်းဖြစ်မည်။ တကယ်တန်းတွင်မူ သူသည် လင်းကော်ကို စာမပြန်တာကလွဲလျှင် အရင်ကကဲ့သို့ ရှောင်ဖယ်နေတာမျိုး မရှိတော့။

" ဟုတ်၊ အဆင်ပြေပါတယ် "

ကောရိက ဆိုသည်။

" Mr.တင်းမှာက စတူဒီယိုအသစ်အတွက် အတွင်းပိုင်းပြင်ဆင်တဲ့ အလုပ်တွေလည်း ရှိနေသေးတယ် မဟုတ်လား "

ထို့အပြင် တင်းယိနန်သည် ပူးတွဲစာမေးပွဲတခုအတွက်လည်း ဝင်ခွင့်ဖြေဖို့ ပြင်ဆင်နေရသေးသည်။ သို့ဖြစ်ရာ ကောရိသည် သူ့ကိုယ်ပိုင် ခံစားချက် တခုအတွက်ကြောင့်နှင့် သူ့ သူဌေးဖြစ်သူကို ဝန်မပိစေလို။

ယနေ့ လာပို့ပေးပို့မည့် ပရိဘောဂများမှာ အိပ်ခန်း သုံးခန်းအတွက် စိတ်ကြိုက်မှာယူထားသည့် ခုတင်ကြီးများနှင့် မွေ့ရာများဖြစ်သည်။ ထိုပစ္စည်းများကို လာချသူမှာ လူငယ်နှစ်ဦးဖြစ်ပြီး ချပြီးသည်နှင့် တခါတည်း တပ်ဆင်ပေးဖို့ လုပ်သည်။

အလှဆင်ခြင်းကို မျက်စိဒေါက်ထောက် လိုက်လံစောင့်ကြည့်ရခြင်းသည်ကား ငြီးငွေ့စရာကောင်းသည့် အလုပ်တခုပင်။ သို့သော်လည်း အချို့သော ပစ္စည်းတပ်ဆင်ပေးသူများသည် ပြီးစလွယ် လုပ်တတ်ကြသောကြောင့် စောင့်ကြည့်နေဖို့ရန် လိုအပ်သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now