(၂၄)

6.4K 973 33
                                    

{Unicode}

အခန်း(၂၄)

ဘားသည် ကြီးမားကျယ်ပြန့်ပြီး မီးရောင်ကလည်း မလင်းမချင်းဖြစ်၍ တစ်ယောက်ကိုတစ်ယောက် တွေ့မြင်ကြဖို့ရာ မလွယ်ကူပေ။ သို့သော် အထွက်ပေါက်များကမူ ကျဥ်းမြှောင်းလေရာ ဝင်ထွက်သွားလာသူအချင်းချင်း မလွှဲမရှောင်သာ တွေ့ကြမြင်ကြရမည်ဖြစ်ပါ၏။

ဟန်ရှို့လည်းပဲ သူကဲ့သို့ ထွက်လာပြီး ဆေးလိပ်သောက်လိမ့်မည်ဟူ၍ တင်းယိနန် မျှော်လင့်မထားမိ။ သူ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရကြောင်း ရှင်းပြနေဖို့ရန်ပင် စိတ်မပါ၍ တင်းယိနန်သည် သူ့လက်ကို ပြန်ဆောင့်ရုန်းလိုက်ပြီး ပြောင်းလဲမှုမရှိသည့် အမူအရာဖြင့်

" မင်းရဲ့ တင်ဆက်မှုကို လာရှုစားတာလေ "

ပြန်ဖြေလိုက်မိသည့် အသုံးအနှုန်းက အနည်းငယ်တော့ ရွဲ့တဲ့တဲ့ဖြစ်သွားသည်။ ဟန်ရှို့နှင့် တွဲနေစဥ်တုန်းက ထိုသူ၏ မော်ဒယ်ရှိုးလျှောက်သည့် ပွဲများကို ကြည့်ခဲ့ဖူးသည်မှန်သော်ငြား ယနေ့ကြည့်လိုက်ရသည့် ပွဲလောက်တော့ဖြင့် ဟော့ဟော့ရမ်းရမ်းမရှိ။

ထင်နေသည့်အတိုင်းပင် ဟန်ရှို့၏ မျက်နှာက ရဲခနဲဖြစ်သွားသည်။ သူသည် နှုတ်ခမ်းတစ်ချက်မျှ ကိုက်လိုက်ပြီး

" ဒီလာတာ ကိုယ့်ကို ကြည့်ဖို့ သက်သက်ပဲလား "

တင်းယိနန်သည် ရယ်ချင်စရာတော့ ကောင်းသားဟု တွေးလိုက်မိကာ

" အဲ့လို မဟုတ်ပါဘူး "

" သူက မကြည့်ခိုင်းလို့လား "

ထို့နောက် ဟန်ရှို့သည် တင်းယိနန်၏ အနည်းငယ် ဟိုက်နေသည့် ကော်လာဆီ တစ်ချက်ကြည့်ကာ အသာမျက်မှောင်ကြုတ်လိုက်ပြီး

" မင်းရဲ့ ညှပ်ရိုးတွေက အရမ်းလှတယ်လို့ ကိုယ်ပြောခဲ့ဖူးသားပဲ "

တင်းယိနန်သည် စိတ်မရှည်ချင်သလိုလိုဖြစ်လာကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရ၏။ သူသည် လူတွေ ဝင်ထွက်သွားလာလျက်ရှိသည့် ပတ်ဝန်းကျင်အား ဝေ့ကာကြည့်လိုက်ရင်း ဤနေရာတွင် လုံးလုံးအချိန်ဖြုန်းမနေချင်တော့ဘဲ ချက်ချင်း ထွက်သွားပစ်ချင်စိတ်ပေါက်လာသည်။ သို့နှင့် သူသည် ခပ်ဘွင်းဘွင်းပင်

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now