{Unicode}
အခန်း(၂၉)
အဆုံးတွင် တင်းယိနန်သည် ဟော့ကျိရှောင်း၏ ရီပို့ကို ရေးပေးဖို့ရန် တာဝန်ယူလိုက်ရသည်။
" ရီပို့ရေးပေးလို့ မွေ့ရာအသစ်ရတာလည်း မဆိုးပါဘူး "
တင်းယိနန်သည် အကြင်နာတရားကင်းမဲ့ပြီး ကျေးဇူးကန်းသည်ဟု ပြောချင်နေသည့်နှယ် ဟော့ကျိရှောင်း၏ အကြည့်တွေထဲတွင် မကျေမနပ်ဖြစ်နေမှုအား အထင်းသားမြင်တွေ့နိုင်ပြီး ပါးစပ်ကိုမူ တင်းတင်းစေ့ထားသည်။ သူ့ဘက်မှ အနှီမွေ့ရာအား ဝယ်ပေးချင်ပါသည်ဟု အခိုင်အမာပြောဆိုနေပါသည့်တိုင် တင်းယိနန်က ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်တစ်ခုအဖြစ် ပြောင်းလဲပစ်သည်။
တင်းယိနန်ကလည်း ဟော့ကျိရှောင်း၏ အစီရင်ခံစာ မရေးချင်သည့်စိတ်ကို အသေအချာ သိနေသည်။ ထို့ကြောင့်ပင် ခဏမျှ စဥ်းစားကြည့်လိုက်ပြီး စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။ ၎င်းမွေ့ရာသည်ကား ဈေးကြီးလွန်းလှ၍ နာရီအနည်းငယ်ကြာအောင် အချိန်ပိုလုပ်ရမည်ဆိုလျင်တောင် ကိစ္စမရှိပါပေ။
တစ်ညလုံးနီးပါး အချက်အလက်များကို လိုက်လံရှာဖွေရင်း ပြင်လိုက်၊ ဖျက်လိုက်ဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်တွင် တင်းယိနန်သည် အစီရင်ခံစာ၏ နောက်ဆုံးပိတ်စာကြောင်းကို အဆုံးသတ်လိုက်နိုင်သည်။ အားလုံးပြီးစီးသည့်အခါ ညဆယ့်တစ်နာရီတောင် ထိုးသွားပြီဖြစ်ပါ၏။
တင်းယိနန်သည် အိမ်တွင် ဤမျှနောက်ကျသည်အထိ အလုပ် လုပ်ဖြစ်တာ ရှားသည်။ ရှာဖွေပြုစုပြီးမှ ရေးရသည့် မှတ်တမ်းမှတ်ရာများကို မပြောနှင့်၊ စာရွက်စာတမ်းများကို အိမ်သယ်ဖို့ မလိုအောင် ရုံးတွင်သာ ပြီးဆုံးသည်အထိ လုပ်လေ့ရှိသူဖြစ်သည်။
ဟော့ကျိရှောင်းသည် ရှင်းယန်စာကြည့်တိုက်၏ ဒီဇိုင်းမူကြမ်းကို အပြီးသတ်တင်ပြခဲ့ပြီးဖြစ်၍ ၎င်းတို့နှစ်ဦးသည် ရှင်းယန်သို့ ခရီးထွက်ရဦးမည်ဖြစ်သည်။ သို့ဖြစ်၍ တင်းဟိနန်သည် အချိန်ဆွဲမနေတော့ဘဲ ရီပို့ကို ချက်ချင်းကောက်ရေးလိုက်ရတာဖြစ်တော့သည်။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...