{Unicode}
အခန်း (၅၀)
လင်းကော်၏ အိမ်အသစ်သည် ဆောက်လုပ်ရေးအဆင့်သို့ ဝင်ရောက်နေပြီဖြစ်ပြီး တင်းယိနန်၏ အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းသည်လည်း ရုံးခန်းအဖြစ် အသုံးပြုရန်အတွက် ပြန်လည်မွမ်းမံကြတော့မည်ဖြစ်သည်။
ဧည့်ခန်းကို အများသုံးရုံးခန်းအဖြစ် ပြောင်းလဲလိုက်ပြီး အိပ်ခန်းကိုမူ သီးသန့်ရုံးခန်းအဖြစ်သို့ ပြောင်းလဲလိုက်ကာ မီးဖိုခန်းက ဧည့်သည်များထိုင်ဖို့အတွက် နေရာဖြစ်သွားသည်။ အစကတည်းက အိမ်ခန်းတည်ဆောက်ပုံမှာ ရိုးရှင်း၍ ပြန်လည်ပြုပြင်ရန်အတွက် အခက်အခဲ သိပ်မရှိဘဲ ပရိဘောဂများ ထပ်ထည့်ဖို့ရန်လောက်သာ လိုအပ်သည်။
ပိတ်ရက်မနက်ပိုင်းတွင် တင်းယိနန်သည် သူ့ အရင်အိမ်ဆီမှ ပစ္စည်းတွေ သယ်ဖို့ရန်အတွက် ခရီးဆောင်အိတ်နှင့် ရောက်လာသည်။
ကျန်းဟန်၏ မိတ်ဆက်ပေးမှုနှင့်အတူ ဟော့ကျိရှောင်းသည် ပြခန်းတစ်ခုကို ပြုပြင်မွမ်းမံဖို့ အော်ဒါရသည်။ သူသည် ပြခန်းဆီ ဦးစွာသွားပြီး ဖောက်သည်နှင့် စကားစမြည်ပြောပြီးနောက်တွင် သန့်ရှင်းရေးကူလုပ်ရန်အတွက် တင်းယိနန်နှင့်အတူ လိုက်လာသည်။
" စတိုင်ကျကျ ဝတ်ဆင်နည်း ? "
ဟော့ကျိရှောင်းသည် စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ယူထုတ်လိုက်ပြီး စိတ်ဝင်တစားဖြင့် ဖတ်နေသည်။
တင်းယိနန်သည် ဟော့ကျိရှောင်း၏ ဝတ်စားဆင်ယင်မှုပုံစံကို တတ်နိုင်သမျှ လိုက်မီနိုင်ဖို့အတွက် အလုပ်ဝင်ပြီး သိပ်မကြာခင်မှာပင် အဝတ်အစားစတိုင်များနှင့် ပတ်သတ်သည့် ရည်ညွှန်းစာအုပ်တွေကို ဖတ်ရှုလေ့လာခဲ့ရသည်။ ပြီးပြည့်စုံသည့် လည်စည်းတစ်ခု စည်းတတ်ရန်အတွက် အိမ်တွင် နေ့တိုင်းနီးပါး လေ့ကျင့်ခဲ့ဖူးသည်။ ထိုအချိန်တုန်းကတော့ဖြင့် သူသည် ဟော့ကျိရှောင်း၏ လည်စည်းကို တစ်သက်လုံး ချည်ပေးနေရလိမ့်မည်ဟု မထင်ထားခဲ့။
" အဲ့စာအုပ်တွေက ကြာခဲ့ပြီ "
တင်းယိနန်သည် ဟော့ကျိရှောင်းလက်အတွင်းက စာအုပ်ကို လှမ်းယူလိုက်ပြီး အိတ်ထဲ ကောက်ထည့်လိုက်၏။ သူ ထင်နေသည်က ဟော့ကျိရှောင်းသည် "ဒီလိုဆိုတော့မှ မင်း ငါ့ကို အရမ်းဂရုစိုက်ခဲ့တာပဲ" ဟု ပြောတော့မည်လား ဟူ၍။ သို့သော်လည်း ထိုသူသည် လက်ကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်လိုက်ပြီး အပြုံးရေးရေးဖြင့်
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...