(၃၁)

7.1K 890 22
                                    

{Unicode}

အခန်း(၃၁)

ယခုတစ်ခေါက် ရှင်းယန်သို့ သွားသည်တွင် ဟော့ကျိရှောင်းသည် ယခင်တစ်ခါကကဲ့သို့ နောက်ကနေ လိုက်တွန်းပေးနေစရာ မလိုတော့။ ထို့ပြင် သူက တစ်ဖန် တင်းယိနန်ကို ပြန်ဆွဲခေါ်နေရပြီး ကျေးလက်သဘာဝ ရှုခင်းလှသည့်နေရာများတွေ့သည်နှင့် ဓာတ်ပုံဆင်းရိုက်သည်။

ဒီလိုနှင့် နှစ်ယောက်သား လမ်းတစ်ဖက်တစ်ချက်စီတွင် နံနက်ခင်းဈေး အငွေ့အသက်များ ထင်ကျန်နေသည့် မြို့ငယ်လေးတစ်မြို့ကို ဖြတ်သွားရသည်။ စျေးသည်အများစုသည် နံနက်ဈေးမှ လက်ကျန် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို လမ်းဘေးတစ်လျှောက်တွင် စျေးဆိုင်လေးများ တည်ကာရောင်းချနေကြသည်။ ထိုအထဲတွင် အဖွားအိုတစ်ဦးသည် ဝါးလက်မှုပစ္စည်းများကို ချရောင်းနေတာဖြစ်ပြီး သူ့ လက်ထဲတွင်လည်း ယက်လက်စ ဝါးခြင်းတောင်းတစ်ခုက ရှိနေသည်။

ဟော့ကျိရှောင်းက တင်းယိနန်ကို ကားရပ်ခိုင်းလိုက်ပြီး ထိုအဖွားအိုရှိရာဆီ ဆင်းသွားသည်။

မြို့ငယ်လေးဆိုသည့်အတိုင်း လမ်းတွေကလည်း ကျဥ်းသည်။ ဘက္ထရီကားများနှင့် သုံးဘီးဆိုင်ကယ်တွေကလည်း လမ်းတစ်လျှောက် အသွားအလာ ပြတ်သည်မရှိ။ တင်းယိနန်သည် ဟော့ကျိရှောင်းကို သူ လိုချင်တာ ဝယ်ပြီးသည်နှင့် ပြန်လာမည်ဟု ထင်နေခဲ့သော်လည်း ပြန်ရောက်မလာဘဲ အဖွားအိုအနားတွင် ငုတ်တုတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူတို့ ကားနောက်တွင် ရှိနေသည့် အခြားကားတွေကလည်း ဟွန်းတီးနေပြီဖြစ်ရာ တင်းယိနန်သည် မတတ်နိုင်တော့ဘဲ ကားရပ်ဖို့နေရာ ရှာလိုက်ရပြီး စန်းပိုင်ဆွေ့နှင့်အတူ ဟော့ကျိရှောင်းရှိရာဆီ လိုက်ဆင်းလာလိုက်ရ၏။

" ပြီးတော့ ဘယ်လိုဆက်လုပ် ? "

ဟော့ကျိရှောင်းသည် အဖွားအို၏ လက်ကိုသာ အာရုံစိုက်ထားလျက်ရှိသည်။

" ဒီတစ်ခုကို အောက်ခြေမှာ ထားလိုက် "

အဖွားအိုသည် သူ့လက်ထဲက ယက်လက်စတစ်ခုကို ချထားလိုက်ပြီး ဟော့ကျိရှောင်းကို သင်ပြပေးနေသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now