(၃၇)

6.5K 809 29
                                    

{Unicode}

အခန်း(၃၇)

ထူးဆန်းသည်မှာ သူသည် စစ်ဆေးဖို့ရန်အတွက် စခရင်ရီကော့ကို နှိပ်လိုက်မိခြင်းပင်။

ဟော့ကျိရှောင်း၏ WeChat မိတ်ဆွေ အများစုမှာ ပရောဂျက်ဖောက်သည်များဖြစ်ကြပြီး ၎င်းတို့ထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းမှာ တင်းယိနန်နှင့် သိကျွမ်းသည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းရောင်းသူ ကျန်းမျိုးရိုးသည် ဟော့ကျိရှောင်းအား စျေးကွက်ကို နားမလည်ဟု မှတ်ယူထားပြီး ဟော့ကျိရှောင်းကမူ အဆိုပါ ကျန်းမျိုးရိုးက ခေါ်ယူသည့် ဈေးနှုန်းမှာ ကြေးမြင့်သည်ဟု မြင်ကာ ဘယ်သောအခါမှ ထပ်မံပူးပေါင်းခြင်းမရှိတော့။ နောက်ဥပမာတစ်ခုမှာ ဟော့ကျိရှောင်း၏ ဒီဇိုင်းနှင့် တည်ဆောက်ရေးဆိုင်ရာ နည်းပညာကို မေးခွန်းထုတ်ခဲ့သည့် ဟွမ်မျိုးရိုး ကန်ထရိုက်တာဖြစ်ပြီး အဆိုပါ ပရောဂျက်ပြီးသွားသည့်အချိန်တွင် ဟော့ကျိရှောင်းသည် ပါးရိုက်ခံထိခဲ့သည်။

WeChat contact list ထဲ နာမည်ပေါင်း တစ်ထောင်ကျော်ရှိသည့်အနက် လုပ်ငန်းခွင်မှ လူများအပြင် ဟော့ကျိရှောင်း၏ ဆွေမျိုးများ၊ အတန်းဖော်များလည်း ပါဝင်သည်။ တင်းယိနန်သည် ၎င်းတို့အားလုံးကို မသိသော်လည်း အပေါ်မှနေ၍ အောက်ခြေအထိ ကြည့်လိုက်သည်တွင် ဟော့ကျိရှောင်း ပြောသလို မျိုးရိုးနာမည်နှင့်အတူ ဘားအမည်ကိုပါ တွဲမှတ်ထားခြင်းမျိုး မတွေ့ရတော့။

တင်းယိနန်သည် ဟော့ကျိရှောင်း မည်မျှ ပရောပရီလုပ်တတ်မှန်းကို သိထားသည်။ ယခုကဲ့သို့ သူ မှတ်ထားသည့် အိပ်ရာဖော်မှန်သမျှနှင့် သက်ဆိုင်သော အချက်အလက်အားလုံးကို ဖျက်ပစ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် အခြား ဘာမှထပ်ပြောနေစရာမလိုတော့။

စခရင်ရီကောဒင်းတစ်ခုလုံး ပြီးဆုံးသွားပြီးဖြစ်၍ အစသို့ ပြန်ရောက်သွားသည်။ တင်းယိနန်သည် မတော်တဆဖြင့် Play ခလုတ်ကို နှိပ်လိုက်မိပြန်သည်။

ဟော့ကျိရှောင်းသည် သူ၏ ဆက်ဆံရေးနယ်ပယ်ကို အလုပ်နှင့် လူမှုရေးဟူ၍ နှစ်ပိုင်းခွဲထားပြီး ယခုမူ ထိုအပိုင်းနှစ်ပိုင်းသည် ရုတ်ခြည်းပင် အကန့်ပျောက်သွားကာ တင်းယိနန်၏ မျက်မောက်ရှေ့တွင် ဟော့ကျိရှောင်းသည် သုံးဖက်မြင်ပုံရိပ်တစ်ခုသဖွယ် ထွက်ပေါ်လာသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now