အချပ်ပို (၈)

3.2K 473 36
                                    

{Unicode}

တရုတ်နှစ်သစ်ကူး (၁)

နှစ်သစ်ကူး မတိုင်မီ တညကို အားလပ်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။

တင်းယိနန်သည် တင်းတုန်ကို ခေါ်ပြီး သူ့အိမ် အနီးတွင်ရှိသည့် စူပါမားကပ်တခုဆီ သွားကာ နှစ်ကူးလက်ဆောင်ပစ္စည်းများ သွားဝယ်သည်။ သူတို့သည် အလျင်မလိုဘဲ တွန်းလှည်းကို ဖြည်းညှင်းစွာ တွန်းရင်း လူစုလူဝေးကြား အေးအေးသာသာ စျေးဝယ်ထွက်နေကြသည်။

" ကော၊ ငါ အစပ်ချောင်း စားချင်တယ် "

တင်းတုန်က ပြောပြီး ဘေးတွင်ရှိသည့် အထုပ်တထုပ်ကို ပြလာသည်။

" စားချင်တယ်ဆို ယူလေ "

တင်းယိနန်သည် အစပ်ချောင်းထုပ်နှင့်အတူ ကြက်ခြေထောက်စပ်ကိုပါ တွန်းလှည်းထဲ ကောက်ထည့်လိုက်သည်။ တင်းတုန်က ဤသို့ သရေစာ စားရသည်ကို နှစ်သက်သည်။ ငယ်ငယ်ကဆိုလျှင် တခြားကလေးတွေ ရေခဲမုန့်စားနေတာ မြင်တိုင်း အားကျသည့် အကြည့်တွေဖြင့် ကြည့်နေတတ်၏။ အရင်တုန်းက သူတို့ မိသားစုမှာ စီးပွားရေး သိပ် အဆင်မပြေတာကြောင့် တင်းတုန်သည် သရေစာ စားဖို့ ဘယ်တုန်းကမှ ပူဆာလေ့ မရှိခဲ့။ ခုတော့ တင်းယိနန်၏ လုပ်ငန်းကိုင်ငန်းမှာ ပို၍ ပို၍ ကောင်းလာပြီဖြစ်ရာ သူ နှစ်သက်သည့် သရေစာများကို ကြိုက်သလောက် တောင်းဆိုနိုင်ပြီဖြစ်သည်။

" အားရိုး၊ ပိုက်ဆံရှိတာ ကောင်းချက်ပဲ "

တင်းတုန်သည် တင်းယိနန်၏ လက်မောင်းကို လှမ်းချိတ်လိုက်ပြီး ပခုံးပေါ် ခေါင်းမှီလိုက်ကာ အားကျလွန်း၍ မျက်ရည်ပင် ကျလာသယောင် ပြုမူပြနေ၏။

တင်းယိနန်သည် သူ့ညီမ ခေါင်းကို ပြန်လည်ကျီဆယ်သည့် အနေနှင့် အနည်းငယ် ဖွလိုက်ပြီး တွန်းလှည်းကို ရှေ့သို့ ဆက်တွန်းသွားလိုက်သည်။

ဟော့ကျိရှောင်းက ငါးအရှင် ဝယ်စားရခြင်းကို နှစ်သက်လေ့ မရှိ။ သို့သော်လည်း နှစ်သစ်ကူး အတိတ်နိမိတ်ကောင်းကို ယူသည့်အနေဖြင့် ထုံစံအတိုင်း ငါးအရှင်တကောင် ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့တိုင်အောင် ဟော့ကျိရှောင်း အကြိုက်ကို လိုက်ကာ သူ ဝယ်နေကျ အရိုးများသည့် ငါးကို မယူဘဲ အရိုးနည်းသည့် ငါးကို ရွေးချယ်လိုက်သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now