(၃၀)

7.1K 912 18
                                    

{Unicode}

အခန်း(၃၀)

ထို့နောက်တွင် ဟော့ကျိရှောင်းဆီမှ စကားသံ ထပ်မကြားရတော့ဘဲ တိတ်ဆိတ်ကာသွားပြီး သူ့ နားအနောက်ဘက်ဆီတွင် တည်ငြိမ်သည့် အသက်ရှူသံတစ်ခုက ထွက်ပေါ်လာသည်။ မတိုင်မီက ​ထွက်လာသည့် စကားသံတွေသည် အိပ်မက်ယောင်ပြီး ​ပြောနေသည့်အလားပါပင်။

အတော်ကြာသည်အထိ တိတ်ဆိတ်နေဆဲရှိသည်တွင် တင်းယိနန်သည် ဟော့ကျိရှောင်း အိပ်မက်ယောင်ပြီး စကားပြောနေခြင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်၏။

သူက အသက်ကို အသာရှူထုတ်လိုက်ပြီး သူ့ အင်္ကျီအောက်ထဲ ဝင်ရောက်နေသည့် ​ဟော့ကျိရှောင်း၏ လက်ကို ပြန်ဖယ်ထုတ်လိုက်သည်။ ဟော့ကျိရှောင်းသည် တစ်ပါးသူအတွက် သူ၏ အိပ်ချိန်ကို စတေးဖို့ရန် လုံးဝမဖြစ်နိုင်ကြောင်း တင်းယိနန် သိနေသည်။

တစ်ခါက ကျန့်ဟန်သည် ညဉ့်နက်သန်းခေါင်ကြီးတွင် အိမ်မှ ခိုးထွက်လည်ပြီး သူ့အိမ်က လူတွေ သိသွားချိန် သူသည် ဟော့ကျိရှောင်းနှင့် အတူရှိနေသည်ဟု လိမ်လည်ပြောဆိုလိုက်သည်။ ထို့နောက်တွင် ဟော့ကျိရှောင်းဆီ ချက်ချင်း ဖုန်းခေါ်ပြီး သူ့ကို လာကယ်တင်ပေးဖို့ရန် တောင်းဆိုသည်။ သို့သော်ငြား ဟော့ကျိရှောင်းသည် ဖုန်းကို ချလိုက်ပြီး ပြန်အိပ်နေခဲ့သည်။

" တင်းကျူး "

ဟော့ကျိရှောင်းဆီမှာ ဗလုံးဗထွေးဖြင့် ရေရွတ်လိုက်သံ နောက်တစ်ဖန် ထွက်လာပြန်၏။

" အရသာ ရှိလိုက်တာ "

တင်းယိနန် : " ..... "

အနှီပုဂ္ဂိုလ်သည် မည်မျှရှုပ်ထွေးသည့် အိပ်မက်ကိုများ မက်နေလေသနည်း။

ညတစ်ညကို အေးအေးချမ်းချမ်း ဖြတ်ကျော်အပြီးတွင် တင်းယိနန်သည် ကောင်းမွန်စွာ အိပ်စက်ခဲ့ရသည်။

နောက်တစ်နေ့မနက် ဟော့ကျိရှောင်း အိပ်ရာမှ နိုးလာချိန် ခဏမျှ အိပ်မှုန်စုံမွှားဖြစ်နေပြီး သူ့ ဘေးနားတွင်ရှိနေသည့် နွေးထွေးသည့် အရာတစ်ခုကို မသိစိတ်မှနေ၍ အလိုလို ဖြစ်ညှစ်လိုက်မိသည်။ သို့သော်လည်း တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သတိထားမိသွားသည်တွင် အိပ်နေရာမှ ထထိုင်ကာ မျက်လုံးတွေကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now