(၇)

8.6K 1K 10
                                    


{Unicode}

အခန်း(၇)

အလုပ် စဝင်ချိန်တွင် တင်းယိနန် ဦးဆုံး ငှားရမ်းနေထိုင်ခဲ့သည့် အိမ်မှာ အမှတ်ငါး မြို့ပတ်လမ်း အပြင်ဘက်တွင်ဖြစ်သည်။ ငွေချွေတာရန်အတွက် ငှားရမ်းခ ဈေးသိပ်မကြီးသည့် နေရာကို ရွေးချယ်ခဲ့သည်ဖြစ်ရာ အခန်းလေးမှာ သေးငယ်ပြီး မြို့ထဲဘက်နှင့် အနည်းငယ် ဝေးသည်။

အလုပ်ချိန် မှီဖို့ရန်အတွက် မနက် ခြောက်နာရီတိုင်း အိပ်ရာမှထရသည်။ အလုပ်အသွားအပြန်ဆိုလျှင် သုံးနာရီကျော်ခန့် ကြာသည်။ နောက်ပိုင်း သူ ကိုင်တွယ်ပေးရသည့် အလုပ်တွေ များပြားလာချိန်တွင် သွားရလာရသည်မှာ အဆင်မပြေတော့။ သို့နှင့် သူသည် လက်ထဲရှိသည့်ငွေနှင့် အဆင်ပြေသည့်အပြင် ဟော့ကျိရှောင်း နေရာနှင့် ဆယ်မိနစ်ခန့်မျှသာ ကွာဝေးသည့် နေရာတွင် ဈေးသက်သက်သာသာနှင့် အခန်းငယ်တစ်ခုကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုက်တော့သည်။

နေထိုင်ဖို့ရန် ရွေးချယ်သည့်အခါ အိမ်ခြံမြေကိုယ်စားလှယ်က အကြံပေးသည်မှာ မြေအောက်ရထားဘူတာဘေးရှိ အိမ်ခြံမြေများကိုပင်။ တင်းယိနန်ကမူ မြို့လယ်ကောင်နှင့် အတော်ဝေးသည့် နေရာကိုသာ ဦးစားပေး ရွေးချယ်ချင်၏။ သို့သော်လည်း အနှီကိုယ်စားလှယ်က သွားရေးလာရေး လွယ်ကူအဆင်ပြေနိုင်စေသည့် အချက်များကိုသာ ဦးစားပေး စဥ်းစားသင့်ကြောင်း ​အဆိုပြုလာသည်။

လူတစ်ဦးနှင့် တစ်ဦးအကြား အမြင်တူဖို့ရန်မှာ အမှန်ပင် ခက်ခဲပြီး လူအများစုမှာ ကိုယ့်ဘက်ကိုသာ ဦးတည်၍ ပြဿနာများကို စဉ်းစားတတ်ကြသည်။

မြို့တော်ကြီးတစ်ခုတွင် ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ အလုပ်သမားလူတန်းစားများဖြစ်ကြသည်။ ထို့ကြောင့် အနှီလူတန်းစားများအတွက် နေထိုင်ရာကို စဥ်းစားကြသည့် အခါများတွင် အိမ်ခြံမြေအကျိုးဆောင်တို့သည် သွားလာပို့ဆောင်ရေး လွယ်ကူသည့်နေရာများကိုသာ ရွေးချယ်ရေးစံနှုန်းသဖွယ် အမြဲတမ်း အဆိုပြုလေ့ရှိကြသည်။

တင်းယိနန်သည် ထိုသို့အကြံပေးခံရလေတိုင်း တစ်ဘက်လူအား အနည်းငယ် နားဝင်ဆိုးနိုင်သည့် မေးခွန်းတစ်ခုကို ပြန်မေးပစ်လိုက်ချင်၏။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now