အချပ်ပို (၆)

3.1K 476 15
                                    

{Unicode}

ကောရိ နှင့် လင်းကော် (၅)

လင်းကော်သည်ကား လူလိမ်ဖြစ်ချေ၏။

ကောရိမှာ ဒါကိုပဲ ထပ်ခါ ထပ်ခါ တွေးနေမိသည်။ အသေအချာကိုပင် ခါးတွင် ဒဏ်ဖြစ်ထားသည်ဟု ပြောခဲ့ပါလျက် တကယ်တန်းတွင်ကား နည်းနည်းမှ ဟုတ်မနေ။

အိပ်ရာထက်တွင်လည်း သူ့ကို သေးငယ်သည်ဟု တမျိုး၊ မစွမ်းဆောင်ဟု တဖုံ ရှုံ့ချရုံနှင့်တင် အားမရသည့်အပြင် ယောက်ျား မပီသ ဟူ၍ပင် နှိမ့်ချပြောဆိုနေလိုက်သေး၏။ သို့နှယ် မပြတ်တမ်း မာန်မဲခံနေရသည်တွင် သူ၏ မခံချင်စိတ်ကို ဆွပေးလိုက်သလိုဖြစ်ကာ စိတ်ထဲတွင် အစွမ်းကုန် 'လုပ်' ရမည်ဟူသည့် အတွေးတစ်ခုတည်းသာ ကြီးစိုးနေတော့သည်။

အကုန်လုံး ပြီးဆုံးသွားသည့်အချိန်တွင်မှ လင်းကော်သည် သူ လိမ်ညာခဲ့ခြင်းဖြစ်ပြီး ကောရိမှာ အလွန်တရာကိုပင် စွမ်းဆောင်နိုင်စွမ်း ပြည့်ဝလွန်းသည်ဟု ဝန်ခံလာ၏။

ကောရိ တွေးမိသည်။ အနှီပုဂ္ဂိုလ်သည်ကား ချွင်းချက်မရှိ မယုံကြည်သင့်သော သူ ဟူ၍။

သူသည် ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ပေါ်နေသည့် လင်းကော်၏ အရှုပ်တော်ပုံများအကြောင်းကို ကြည့်နေမိသည်။ လင်းကော်သည် သူ သတင်းတွေ ကြည့်လေ့မရှိဟု ဆိုစဥ်က ဘာကြောင့် ရယ်နေခဲ့မှန်း ယခုတော့ သဘောပေါက်သွားလေပြီ။

လင်းကော်သည် လိင်တူချင်း စိတ်ဝင်စားသူဖြစ်ကြောင်း လူသိရှင်ကြား ဝန်ခံထားသည် မဟုတ်သည့်တိုင် ပြင်ပကမ္ဘာတွင်မူ သူသည် ယောက်ျားတွေကိုသာ နှစ်သက်လေ့ရှိကြောင်း သိထားခဲ့ကြသည်။ လင်းကော် ပွဲဦးထွက်စဥ်ကတည်းကပင် ချစ်သူအဖြစ် ကောလဟာလ ထွက်ပေါ်နေသည့် သူမှာ သုံးဦးထက်မနည်း ရှိခဲ့သည်။

ကောရိသည် ပြုစားခံလိုက်ရသည့်နှယ် ထိုအမျိုးသားတွေကို လေ့လာကြည့်မိသည့်အခါ အံ့သြစရာကောင်းလောက်အောင်ပင် တူညီနေသည့် အချက်ကို ​ရှာဖွေတွေ့ရှိခဲ့သည်။ လင်းကော်သည်ကား ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသည့် အမျိုးသားများကို နှစ်သက်သည်ပင်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now