(၂၆)

7.1K 932 28
                                    

{Unicode}

အခန်း(၂၆)

တင်းယိနန်၏ အင်္ကျီတွင် ကြယ်သီးအကောင်း တစ်လုံးသာကျန်သည်။ ထိုတစ်လုံးတည်းသော ကြယ်သီးကပင် သူ့ရင်ဘတ်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်မသွားအောင် ထိန်းထားပေးသည့်အရာဖြစ်နေ၏။

နှစ်ဉီးစလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ဖြူပြစ်ပြစ်အရည်တို့ဖြင့် ညစ်ထေးနေပြီး ကြမ်းပြင်ပေါ်တွင်မူ ကြယ်သီးတွေက ပျံ့ကျဲလျှက်ရှိကာ မကြာသေးမီက ဖြစ်ပျက်သွားသည့် ဝရုန်းသုန်းကားအခြေအနေကို သရုပ်ဖော်နေသယောင်။

" ထပ်ယူဉီးမလား "

ဟော့ကျိရှောင်းသည် တစ်ရှူးကမ်းပေနေရင်း တင်းယိနန်၏ ရင်ဘတ်ရှိရာဆီ ပေါ်တင်စိုက်ကြည့်နေရင်း မေးလာသည်။

တင်းယိနန်၏ ရင်ဘတ်တစ်ခုလုံးသည် နီရဲရဲအမှတ်အသားတို့ဖြင့် ပြည့်နှက်လျှက်ရှိပြီး အစက်ကလေးနှစ်ခုမှာမူ အချိန်အတော်ကြာသည်အထိ ဖူးရောင်နေဉီးမည့်ပုံဖြင့် အနည်းငယ် ဖောင်းကြွလို့နေသည်။

တင်းယိနန်သည် စကားတစ်ခွန်းမှမဆိုဘဲ တစ်ရှူးကို လှမ်းယူလိုက်ပြီး ကိုယ်ကို ခပ်စောင်းစောင်းလှည့်လိုက်ကာ ရင်ဘတ်တစ်ဝိုက် ပေကျံနေသည့်အရာတွေကို ပြောင်စင်အောင် သုတ်လိုက်၏။ ထို့နောက်တွင် ဟပြဲဖြစ်နေသည့် အင်္ကျီနှစ်စကို ခပ်တင်းတင်းဆွဲစိလိုက်ပြီး သန့်စင်ခန်းငယ်ထဲမှ ထွက်လိုက်သည်။

ထိုအချိန် အပြင်ဘက်လက်ဆေးသည့်နေရာတွင် မည်သူမှရှိမနေ၍ တင်းယိနန်သည် လက်အရင်ဆေးလိုက်ပြီးမှ ယွမ်ဖုန်းဆီ ဖုန်းပြန်ခေါ်လိုက်ပြီး တက္ကဆီငှားပြီး ပြန်လိုက်မည်ဟု အကြောင်းပြန်လိုက်သည်။

ဟော့ကျိရှောင်းသည်လည်း စလစ်ပါစီးထားလျှက်နှင့် တင်းယိနန် အနောက်မှ လိုက်လာသည်။ ထို့နောက် သူ့ ဘေးကန်တွင် ရပ်လိုက်ပြီး လက်ကို အေးအေးဆေးဆေး ဆေးနေ၏။

သူတို့နှစ်ဉီးစလုံးသည် တူညီသောအရာကို အတူတကွလုပ်ဆောင်ခဲ့သည်ပင်။ သို့သော်လည်း ဘေးတွင်ရှိနေသည့် ဟော့ကျိရှောင်း၏ အသွင်အပြင်မှာ တင်းယိနန်၏ အခြေအနေနှင့် လားလားမှ မတူ။ သူသည် ရောက်လာတုန်းကကဲ့သို့ပင် သပ်သပ်ရပ်ရပ်ရှိနေဆဲဖြစ်ပြီး မတိုင်မီက တောက်လောင်နေခဲ့သည့် ရမ္မက်မီးကြွင်း တစ်စွန်းတစ်စကိုသော်မျှ ဖမ်းဆုပ်၍ မရနိုင်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now