(၂၂)

6.8K 885 13
                                    

{Unicode}

အခန်း(၂၂)

ကျန့်ဟန်သည် ဟော့ကျိရှောင်း အိမ်တွင် အကြာကြီး မနေချေ။ ဟော့ကျိရှောင်းကို အပါခေါ်၍ မရနိုင်တာ သေချာသည်နှင့် အခြားသူငယ်ချင်းတွေနှင့် လှမ်းချိတ်ပြီး ထွက်သွားသည်။

ကျန့်ဟန်နောက် သေချာပေါက် လိုက်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ရာမှ ယခုကဲ့သို့ ယတိပြတ်ငြင်းဆိုလိုက်ခြင်းကြောင့် တင်းယိနန်မှာ အံ့အားသင့်သွားရသည်။ လိုက်မသွားရသည့် အကြောင်းပြချက်က ပို၍တောင် မျှော်လင့်မထားသည့်အရာဖြစ်နေ၏။

" စန်းပိုင်ဆွေ့နဲ့ လမ်းထွက်လျှောက်ပေးရဦးမယ် "

ဟော့ကျိရှောင်းက

" စန်းပိုင်ဆွေ့အတွက် တာဝန်ယူရမယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား "

စန်းပိုင်ဆွေ့သည် ယခုဆိုလျှင် သူ့အချိန်နှင့်သူ အပေါ့အလေးစွန့်တတ်သည့် အကျင့်ရနေလေပြီ။ သူ့အချိန်ရောက်၍ အပြင်မထုတ်ပေးပါက အိမ်ထဲတွင် ပါချလိုက်ပေလိမ့်မည်။

" ဟုတ်တာပေါ့ "

တင်းယိနန်သည် ဟော့ကျိရှောင်းအတွက် ညစာပြင်ဆင်ပေးနေရင်း သူ အထင်သေးခဲ့မိသည့်ကို ပြန်ဖာသည့်အနေဖြင့် ချီးကျူးစကားဆိုလိုက်၏။

" ခင်ဗျားက အရည်အချင်းပြည့်ဝတဲ့ သခင်တစ်ယောက်ပါပဲ "

ဟော့ကျိရှောင်းက မေးသည်။

" ဒါဆို ဆုလေးဘာလေး ချဖို့ အစီအစဥ်မရှိဘူးလား "

ဒါက ဘာများ ဆုချစရာလိုနေလို့တုန်း ?

တင်းယိနန်သည် တူဖြင့် ဟင်းတစ်မျိုးကို နှိုက်ယူလိုက်ကာ ဟော့ကျိရှောင်း ထမင်းပန်းကန်ထဲ ထည့်ပေးလိုက်ပြီး

" ရော့၊ ခင်ဗျား ကြိုက်တဲ့ အမဲမိုးခိုသားကို ငရုတ်ကောင်းမွှေးမွှေးလေး အုပ်ထားတာ "

ညစာစားပြီး အကုန် သိမ်းဆည်းပြီးသည့်အချိန် တင်းယိနန်မှာလည်း အလုပ်ဆင်းဖို့ အသင့်ဖြစ်နေသည်။ ဟော့ကျိရှောင်းကလည်း စန်းပိုင်ဆွေ့ကို အပြင်ထုတ်ပြီး လမ်းလျှောက်ပေးဖို့ရှိရာ သူတို့နှစ်ဦးသား အတူထွက်လာလိုက်ကြ၏။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now