အချပ်ပို (၉)

5K 645 58
                                    

{Unicode}

တရုတ်နှစ်သစ်ကူး (၂)

ဟော့ကျိရှောင်း၏ လေယာဥ်က နောက်ကျသည်။ တင်းယိနန် သွားကြိုရသည့် အချိန်တွင် ညနေပင် ရောက်တော့မည်။

သူတို့နှစ်ဦး ခွဲခွာနေရသည်မှာ ရက်ပေါင်းအတော်ကြာပြီဖြစ်၍ ကားပေါ်ရောက်သည်နှင့် ဟော့ကျိရှောင်းသည် တင်းယိနန်ကို လည်ပင်းမှ လှမ်းဆွဲယူလိုက်ပြီး နှုတ်ခမ်းတပြင်ပြင်ဖြင့် ရှေ့သို့ တိုးလာ၏။

" နေဦး "

တင်းယိနန်မှာ ပရောပရည်လုပ်ချင်စိတ် ရှိမနေ။ သူသည် ဟော့ကျိရှောင်း၏ ပခုံးကို တွန်းထားလိုက်ပြီး အရေးကြီးသည့် မျက်နှာအမူအရာဖြင့်

" ခင်ဗျားကို ပြောပြစရာရှိတယ် "

အများအားဖြင့် တင်းယိနန် ထိုလေသံနှင့် ပြောလာပြီဆိုလျှင် ပြဿနာ တစုံတခု ပေါ်ပေါက်လာ၍ပင်။ အနှီပြဿနာကလည်း သူတို့ နှစ်ဦးခေါင်းချင်းဆိုင်ကာ ဆွေးနွေးရသည်အထိ ကြီးမားနေတတ်၏။

ဟော့ကျိရှောင်းသည် ဘေးခုံတွင် နေရာတကျ ပြန်ထိုင်လိုက်ပြီး တွေးတွေးဆဆဖြင့်

" ငါ့ အဖေကိစ္စလား "

" မဟုတ်ဘူး "

တင်းယိနန်က ခေါင်းခါပြလိုက်ပြီး

" ကျွန်တော့် ညီမလေး "

ခဏအကြာတွင် ဟော့ကျိရှောင်းသည် ဖုန်းကို ပြန်ချလိုက်ပြီး တင်းယိနန်ဘက် လှည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလာသည်။

" ဘယ်လိုလုပ်ပြီး ဒီလို ဗီဒီယိုဖိုင်မျိုးကို မင်းညီမဆီ တည့်တည့် ပို့မိသွားတာတုန်း "

" အဟမ်း၊ မှားပြီး ရောက်သွားတာ "

တင်းယိနန်သည် လည်ချောင်း တချက်ရှင်းကာ ပြောလိုက်ရပြီး အနည်းငယ် အပြစ်မကင်းသည့် လေသံဖြင့်

" သူက ကျွန်တော့် မိသားစုဝင်ပဲဟာကို၊ ငယ်ငယ်တုန်းကဆို ကျွန်တော့် ဖင်ပြောင်နဲ့ ပုံကိုတောင် သူ မြင်ဖူးသေးတာပဲ "

" အာ့ ပြောနေတာ မဟုတ်ဘူး "

ဟော့ကျိရှောင်းက ဆက်ပြောသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now