(၂၀)

6.9K 899 21
                                    

{Unicode}

အခန်း(၂၀)

တကယ်တန်းတွင်မူ တင်းယိနန်သည် အနှီလျှပ်စစ်တုန်ခါစက်အား မသုံးဖြစ်သည်က အတော်ကြာခဲ့လေပြီ။ အမြဲလိုလို အလုပ်များနေလေ့ရှိသောကြောင့် သူ့အနေနှင့် ထိုကိစ္စလုပ်ဖို့ စိတ်မရောက်ဖြစ်တာလည်းပါသည်။ ထို့အပြင် သူသည် လိင်ကိစ္စနှင့် ပတ်သက်၍ အထူးတလည် ဇိမ်ယူလေ့လည်း မရှိလေရာ ရုပ်ပိုင်းဆိုင်ရာ သာယာမှုလိုအပ်လာသည့်အချိန်တွင် သူ့ကောင်လေးနှင့် ဖြေရှင်းလိုက်ရုံပင်။

တင်းယိနန်သည် သိပ်အသုံးမလိုသည့်တိုင် လွှင့်ပစ်၍ မဖြစ်သည့် ပစ္စည်းများကို ဤကော်ဖီစားပွဲငယ် အံဆွဲထဲ ပစ်ထည့်ထားလိုက်သည်သာ။ ထိုတစ်ခုသော ဝါးပုစဥ်းကဲ့သို့ပင်၊ လျှပ်စစ်တုန်ခါစက် ထိုအံဆွဲထဲ ရောက်နေခြင်းက သူ၏ အမေ့လျှော့ခံဆိုသည့် သဘောပင်ဖြစ်တော့သည်။

ယခုမူ တင်းယိနန်သည် တစ်ကိုယ်တည်းသမားဘဝသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ဤလျှပ်စစ်တုန်ခါစက်သည် ပြန်လည်အသုံးဝင်တော့မည်ဖြစ်ပါ၏။ စိတ်ပါလျင်ပါသလို လိုလာသည့်အချိန် ရှိနိုင်သည်ဟု တွေးမိပြီး နောက်ဆုံးတွင် ထိုအရာအား ရေခဲနန်းဆောင်အတွင်းမှ လွတ်မြောက်ခွင့် ပေးလိုက်ကာ ခုတင်ဘေးရှိ စားပွဲအံဆွဲအတွင်းသို့ ပြောင်းထည့်ထားလိုက်သည်။

နောက်တစ်ရက်လုံးလုံး တင်းယိနန်သည် သူ့ဖုန်းကို ပါဝါပိတ်ထားလိုက်၏။

အလုပ်ကို လုံးဝဥသုံ လွှတ်ချပစ်ပြီး အပြည့်အဝ အနားယူရသည်မှာ အရမ်းကိုမှ အားရကျေနပ်စရာကောင်းသည်။ ဆိုဖာပေါ် သက်တောင့်သက်သာခွေရင်း စာအုပ်ဖတ်မည်။ အနည်းငယ် ပျင်းရိလာလျှင် ဝရန်တာဘက်ထွက်ကာ နေရောင်လေးဘာလေး ခံမည်။ ချက်ဖို့ရာ ခက်ခဲသည့် ဟင်းလျာအသစ်များကို စမ်းချက်ကြည့်မည်။ အမြဲတမ်း အလျင်စလို လှုပ်ရှားနေရာမှသည် ထိုတစ်ရက်တာအား အေးအေးလူလူဖြတ်သန်းကာ သူ နှစ်သက်ရာများကို စိတ်တိုင်းကျလုပ်ဆောင်နိုင်သည်။

ဖုန်းကို ကိုယ်နှင့်ဝေးရာတွင် ထားလိုက်ခြင်းကလည်း အနှစ်သာရပြည့်ဝသည့် အားလပ်ရက်၏ တစ်ဆိတ်တစ်ပိုင်းပင်ဖြစ်တော့သည်။ တစ်ခုတည်းသော ကရိကထဆို၍ ဈေးသုံးလိုလျှင် ငွေသားကိုင်ပြီး ရှင်းရတာပဲရှိသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now