(၄၁)

6.8K 860 13
                                    

{Unicode}

အခန်း(၄၁)

" မင်းက၊ အလုပ်ထွက်ချင်တယ် ? "

ဟော့ကျိရှောင်းသည် ချက်ချင်းပင် လှဲနေရာမှ ထထိုင်လိုက်ပြီး မျက်မှောင်ကြုတ်ထားလျက်က မယုံသလိုဖြင့် စိုက်ကြည့်လာ၏။

" ခုလေးတင် ငါ မင်းကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တာပဲ မဟုတ်ဘူးလား "

ဟော့ကျိရှောင်း၏ တွေးခေါ်နိုင်စွမ်းသည် ထူးဆန်းသည့် လမ်းကြောင်းဘက်ဆီ ဦးတည်နေသည်ကို သိလိုက်ရသည်တွင် တင်းယိနန်သည် အိပ်ရာပေါ်တွင် ပျင်းရိပျင်းတွဲ ဆက်အိပ်နေလို့ မရတော့မှန်း သဘောပေါက်သွား၏။ သူသည်လည်း ထထိုင်လိုက်ပြီး လေးနက်သည့် အမူအရာဖြင့်

" အဲ့ဒါကြောင့် မဟုတ်ဘူး "

" ဒါဆို မင်းက ဘာလို့ အလုပ်ထွက်ချင်ရတာလဲ "

ဟော့ကျိရှောင်းက ဆိုသည်။

" ငါ ခွင့်မပြုနိုင်ပါဘူး "

အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရသည့် အကြောင်းအရင်း များစွာရှိပြီး ဟော့ကျိရှောင်းသည် မောင်းခလုပ်တစ်ခုဖြစ်နေခဲ့၏။

စကားတွေ အများကြီးပြောပြီး ရှင်းပြရမည်ကို စဥ်းစားမိလိုက်ရုံနှင့် တင်းယိနန်မှာ ခေါင်းပင် ကိုက်ချင်လာရသည်။ သို့သော်လည်း ဤကိစ္စသည် ဟော့ကျိရှောင်းနှင့် အကျေအလယ် ဆွေးနွေးဖို့ လိုအပ်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အားပေးလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်ကာ

" အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ရောထွေးသွားတာမျိုးကို ကျွန်တော် မကြိုက်ဘူး "

သူ့ အရင်ကောင်လေး သစ္စာဖောက်သွားစဥ်တုန်းက ဟော့ကျိရှောင်းနှင့် အတူထိုင်သောက်ရင်း သူ၏ ကိုယ်ပိုင်ဆောင်ပုဒ်မှာ "အလုပ်နှင့် ဘဝ ရောထွေးမှု မရှိစေရ" ဟူ၍ ပြောခဲ့ဖူးသည်။

အလွယ်တကူသာ ပြောင်းလဲလို့ ရနေလျှင် ဤသည်ကို ဥပဒေသဟူ၍  သတ်မှတ်ဖို့ မဖြစ်နိုင်တော့ပေ။

ဟော့ကျိရှောင်းသည် ထိုအဖြစ်အပျက်အား ပြန်စဥ်းစားမိသည့်နောက် မတိုင်မီကလောက် လေသံမာမနေတော့။ သူ့ မျက်မှောင်တွေကမူ အနည်းငယ် ကြုတ်ထားဆဲဖြစ်ကာ

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now