(၂၃)

6.4K 883 5
                                    

{Unicode}

အခန်း(၂၃)

တင်းယိနန်သည် ယွမ်ဖုန်းနှင့် ချိန်းဆိုထားသည့် အချိန်အတိအကျအတိုင်း မာချီမိုတိုဘားရှိရာဆီ ရောက်သည်။ ထိုအချိန်တွင် ပါတီပွဲအတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်ပြီး ယွမ်ဖုန်းသည် ယနေ့ညအတွက် အစီအစဉ်များကို သူ၏ဝန်ထမ်းတွေနှင့် အတည်ပြုဆွေးနွေးနေသည်။

မာချီမိုတိုဘားဆိုသည်က သူတို့မြို့တော်ရှိ နာမည်အကြီးဆုံး ဘားတွေထဲမှ တစ်ခုပင်။ တင်းယိနန်မှာ ဤသို့သော ဘားမျိုးဆီ လာလေ့လာထမရှိသော်လည်း ဟန်ရှို့နှင့်အတူ တစ်ခေါက်တော့ဖြင့် ရောက်ခဲ့ဖူးသည်။

ယနေ့ညအဖို့ မာချီမိုတိုဘားသည် သူတို့မြို့ရှိ အချမ်းသာဆုံး သူဌေးကြီး၏ အငယ်ဆုံးသမီးဖြစ်သူအတွက် မင်္ဂလာပွဲအကြို နှုတ်ဆက်ပွဲကျင်းပရာနေရာဖြစ်သွားသည်။ ယွမ်ဖုန်းသည် သူဌေးသမီးလေး တောင်းဆိုထားသည့်အတိုင်း မျက်လှည့်ပွဲ၊ ဝတ်လစ်စားလစ် ကပြဖျော်ဖြေပွဲနှင့်အတူ ကိုယ်ခန္ဓာပေါ်တွင် ပန်းချီရေးခြယ်ခြင်း စသည်ဖြင့် စုံလင်စွာ စီစဥ်ပေးထားသည်။

ဤကဲ့သို့ အမျိုးစုံလင်လှသည့် အစီအစဥ်များအကြား တစ်ခုနှင့်တစ်ခု ချောမွေ့အဆင်ပြေစွာ ချိတ်ဆက်ရာတွင် ကံမကောင်းလျှင် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာနိုင်သည်ဖြစ်၍ ယွမ်ဖုန်း စိုးရိမ်နေရသည်မှာ မထူးခြားပါပေ။

" ဒါဆို ငါ ဘယ်နေရာမှာ ဝင်ကူပေးရမလဲ "

ဘားဘေးတွင်ရှိသည့် စားသောက်ဆိုင်လေးထဲ ညစာအတူစားနေရင်း ပါတီနှင့်ပတ်သက်သည်များကို အကြမ်းဖျင်း နားလည်သွားသည့်အခါ တင်းယိနန်က သူပါဝင်ရမည့်နေရာကို မေးလိုက်သည်။ ယွမ်ဖုန်း၏ အဖွဲ့တွင်ရှိသည်က ဆယ်ယောက်ပင် မပြည့်။ ထိုကြားထဲ သူတို့သည် ဘားရှိဝန်ထမ်းများအပြင် ဖျောဖြေပွဲတွင် ကပြတင်ဆက်မည့် သူများနှင့်လည်း လိုအပ်သည်များကို စီစဥ်ပေးရဦးမည်ဖြစ်ရာ အလွန်ပင် အလုပ်များသည်ဟုဆိုရမည်။

" အတန်းခေါင်းဆောင်အနေနဲ့ အများကြီး လုပ်စရာမရှိပါဘူး၊ ရှန်ပိန်အော်ဒါတွေ ကောက်တဲ့နေရာမှာ ကူပေးရင်ရပါပြီ "

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now