(၁၇)

6.8K 958 30
                                    


{Unicode}

အခန်း(၁၇)

တင်းယိနန်သည် ပြန်လာသည့် လမ်းတစ်လျှောက်လုံး ထိုကိစ္စကိုသာ စဥ်းစားနေမိသည်။ နောက်ဆုံးတွင် ဒီလိုဖြစ်ကုန်မှတော့ ပိုဆိုးဖို့ရာလည်း မရှိတော့ပါဘူးဟုသာ စိတ်ဖြေလိုက်ရသည်။

ရုတ်ခြည်းတိတ်ဆိတ် ငြိမ်သက်သွားသည့် ဟော့ကျိရှောင်း၏ အမူအရာက တင်းယိနန်နှင့် ကျင့်သားရနေပြီးဖြစ်သည့် လူမှုကျင့်ဝတ်ဆိုင်ရာ အလိုလိုသိစိတ်ကို အချက်ပေးလိုက်သလိုပင်။ မနေ့ညတုန်းက မိမိ၏ လုပ်ပုံကိုင်ပုံများသည် လွန်စွာကိုမှ မထော်မနန်းနိုင်လှ၏။ ဟော့ကျိရှောင်းသည် မိမိ၏ ချစ်သူမဟုတ်သလို မိမိသည်လည်းပဲ ဟော့ကျိရှောင်း၏ အိပ်ရာဖော် ဟုတ်မနေခဲ့။ သူတို့နှစ်ဦးကြားရှိ တစ်ခုတည်းသော ဆက်ဆံရေးမှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးသာဖြစ်ပြီး သူငယ်ချင်းဟူ၍ပင် ခေါ်ဆို၍ မရနိုင်ပေ။

ဟုတ်ပါ၏။ အနှီသို့သော ဆက်ဆံရေးသာရှိသည့် လူနှစ်ဦးသည် အမြဲတမ်း စိတ်ပါလျှင်ပါသလို အတူအိပ်လိုက်ဖို့ရာက ဖြစ်နိုင်ပါ၏လား။

သူ့နေရာတွင် အခြားလက်ထောက်တစ်ဦးသာ ဖြစ်ခဲ့မည်ဆိုပါလျှင် ဟော့ကျိရှောင်း၏ စည်းကျော်သည့် အပြုအမူများကို သည်းခံနိုင်စရာ အကြောင်းမရှိပါပေ။ ထို့အပြင် တင်းယိနန်အဖို့ ယခုကဲ့သို့ ထိုလိုလူအနား အေးအေးဆေးဆေး ထိုင်နေနိုင်ရသည့် အကြောင်းရင်းမှာလည်း ဟော့ကျိရှောင်းသည် သူ စိတ်လိုက်မာန်ပါ ကျူးလွန်မိသည့် အပြုအမူအပေါ် သူကိုယ်တိုင်ပင် နားမလည်နေကြောင်း သတိပြုမိ၍သာဖြစ်ပါ၏။

ဆိတ်ဆိတ်နေခြင်းက မိမိလုပ်ရပ်အား ဆင်ခြင်နေခြင်းကို ကိုယ်စားပြုသည်ဖြစ်ရာ အကောင်းဘက်ကို ဦးတည်နေသည့် သဘောပင်။

ဟော့ကျိရှောင်း၏ ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းကာလ ပြီးဆုံးသွားပြီဆိုသည်နှင့် ၎င်းတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါ၏။

ကျေးလက်သဘာဝရှုခင်းများသည် တဖြည်းဖြည်းနှင့် အနောက်တွင် ကျန်ရစ်ခဲ့ပြီး သူတို့နှင့် အကျွမ်းတဝင်ရှိဖူးသည့် မြို့ပြရှုခင်းတွေက အစားထိုးဝင်ရောက်လာသည်။ အိမ်တန်းဘက်ဆီမှ စိမ့်ထွက်လာသည့် ရေဆိုးမြောင်းများ၊ မြစ်ကမ်းဘေးတစ်လျှောက် ဆူညံပြည့်ကျပ်နေသည့် မြင်ကွင်းများနှင့် အထိန်းအကွပ်မဲ့ ညဥ့်ပုံရိပ်များက အတိတ်နှင့် ပစ္စုန်ပန်ကို ခြားနားပေးလိုက်သလို ကွာခြားလွန်းလှသည်။ မနေ့ညတုန်းဆီက သူတို့အနား ပတ်လည်ဝိုင်းရံနေခဲ့သည့် ပတ်ဝန်းကျင်သည် ယခုတော့ဖြင့် ဟိုးအဝေးတစ်နေရာက အမှတ်တရများသဖွယ် ပြတ်ကျန်ရစ်ခဲ့သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now