{Unicode}
အခန်း(၂၇)
ထိုမေးခွန်း၏ သက်ရောက်မှုသည် အတော်တာသွားဟန်တူ၏။ တင်းယိနန်၏ တနင်္ဂနွေနေ့လေးမှာ ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးသွားရသည်။
ယွမ်ဖုန်းသည် ပြောထားသည့်အတိုင်း ယွမ်ငါးထောင်ပါသည့် စာအိတ်နီကြီးကြီးတစ်လုံးကို WeChat မှနေ၍ ပို့ပေးလာသည်။ အစပထမတွင် တင်းယိနန်မှာ အားနာနေသေးသော်လည်း ယွမ်ဖုန်းအား သူ ရှာဖွေပေးခဲ့သည့် အပိုရပေါက်ကြေးကို ပြန်တွက်ချက်ကြည့်ပြီးသည့်အခါ စိတ်အေးလက်အေး လက်ခံယူထားလိုက်သည်။
ဟော့ရှင်း၏ တောင်းဆိုချက်အတိုင်း ရှေ့ဖွင့်ရက်တွင် ဟော့ကျိရှောင်းကို ရုံးတက်ခိုင်းရမည်ဖြစ်သည်။ ဤသည်မှာ ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ဟော့ကျိရှောင်းသည် မည်သည့်အတိုက်အခံမှ မလုပ်ဘဲ လိုအပ်သည့်အချိန်တွင် အိပ်ရာထပြီး သွားဖို့လိုအပ်သည့်အချိန်တွင် အသင့်အနေထားဖြစ်နေသည်။
အရာအားလုံးသည် မူလအစအခြေအနေအတိုင်း ပြန်လည်ရောက်ရှိလို့သွားကာ သူတို့အကြားတွင် စကားပြောဆိုစရာတောင် မယ်မယ်ရရမရှိဘဲဖြစ်သွားသည်။
ဟော့ကျိရှောင်းသည် ပုံမှန်အတိုင်း တင်းယိနန်ကိုပင် နက်ခ်တိုင်စည်းခိုင်းသည်။ ဤသည်မှာ အကောင်းဆုံးသော အနေအထားဟု ခေါ်ဆို၍ ရနိုင်သည်။ ဟော့ကျိရှောင်းသည်သာ သူ့ကို နက်ခ်တိုင် မစည်းခိုင်းခဲ့ဘူးဆိုလျှင် သူ့စိတ်ထဲတွင် ဤအတောအတွင်း ဖြစ်ပျက်ခဲ့သမျှ သက်ရောက်မှုရှိနေဆဲဟူသည့် သဘောပင်။
တင်းယိနန်သည် ထိုသို့ မဖြစ်စေချင်ပေ။ သူ အလိုရှိသည်က နှစ်ဦးသားအကြား ဘာမှ မဖြစ်ခဲ့သည့်အတိုင်း အရာရာကို အပြီးတိုင်း ဖျောက်ဖျက်ပစ်လိုက်ဖို့ရာဖြစ်ပါ၏။
ယခုအခြေအနေသည် ထိုသို့ဖြစ်နေပါသည့်တိုင် တစ်ခုခု လွဲမှားနေသလို ခံစားလာရသည်။
တစ်ညတုန်းဆီကမှ တင်းယိနန် လျှာဖျားလေးနှင့် အသာထွေးစုပ်ထားသည့် အာဒမ်ပန်းသီး၏ အောက်နားလေးတွင် အင်္ကျီကော်လာသည် အထောင်လိုက်သားလေးရှိနေသည်။ ဟော့ကျိရှောင်းကို လည်ပင်းမော့ထားစေပြီး ထိုအာဒံပန်းသီးတဝိုက် သူ့လျှာဖျားဖြင့် မည်သို့မည်ပုံ လှည့်ပတ်စုပ်ယူခဲ့သည်ကအစ ပြန်အမှတ်ရနေလိုက်သေး၏။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...