(၃၅)

6.9K 813 13
                                    

{Unicode}

အခန်း(၃၅)

တင်းယိနန်မှာ အစပ်စားရသည်ကို သိပ်ပြီး မက်မက်စက်စက်မရှိလှ။ စီချွမ်စားစရာတစ်မျိုးမျိုးကို စားလိုက်မိပြီဆိုပါလျင် နောက်တစ်ရက်မနက်တွင် သူ့ဂန္ဓာမာပန်းလေးသည်ကား ဒုက္ခရောက်ရပြီဖြစ်ပါ၏။ သို့သော် သူ မျှော်လင့်မထားသည်က ရည်ရွယ်ချက်ကောင်းကောင်းဖြင့် စတင်ခဲ့သည့် အချင်းချင်းရိုင်းပင်းကူညီရေးကလည်း စီချွမ်စားစရာများကပေးသည့် အတိဒုက္ခမျိုးကို လက်ဆင့်ကမ်းပေးနိုင်သည်ဆိုတာပင်။

ကံကောင်း၍ ဟော့ကျိရှောင်း၏ လက်ချောင်းများတွင် ဒဏ်ကြေးဆေးဆီ အများကြီး ပေကျံမနေခဲ့သည့်အပြင် သူကလည်း သိလျင်သိချင်း တန်းဆေးကြောပစ်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် နောက်တစ်ရက်မနက်တွင် သူ့ ဂန္ဓာမာပန်းလေးသည် ဆိုးဆိုဝါးဝါး အဆင်မပြေမှု မရှိဘဲ နိုးထလာခဲ့ရသည်။

ဟော့ကျိရှောင်းက သူတို့စားဖို့ မနက်စာ ထွက်ဝယ်ပြီး တင်းယိနန်ကမူ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပြီး ကျန်ခဲ့သည်။

နှစ်ယောက်သား အခန်းပြန်အပ်ကာ လျိုကျစ်ရှူးကို နှုတ်ဆက်ပြီးနောက် ရှင်းယန်ကျေးရွာမှ ထွက်ကာ မြို့ပေါ် ပြန်တက်လာခဲ့ကြသည်။ ယခုတစ်ခါတွင် ဟော့ကျိရှောင်းက ကားမောင်းသမားဖြစ်ပြီး တင်းယိနန်က အနားယူရင်း လိုက်လာသည်။

ကားသည် မြို့တွင်းဧရိယာကို ကျော်လာပြီး လမ်းမကြီးပေါ်မှ ဖြည်းဖြည်းချင်း ခွဲထွက်လိုက်ကာ အဆုံးတွင် သူတို့ နေထိုင်ရာရပ်ကွက် လမ်းဆုံဘက်ဆီ ချိုးကွေ့လာခဲ့ကြသည်။ တင်းယိနန်သည် သူနေသည့် ရပ်ကွက်နှင့် နီးလာပြီဖြစ်၍ ထိုင်ခုံခါးပတ်ကိုပင် ချွတ်ဖို့ အဆင်သင့်ဖြစ်နေသည်။ သို့သော်လည်း ဟော့ကျိရှောင်းက ကားရပ်ပေးရန် ရည်ရွယ်ချက်ရှိပုံမရဘဲ သူ့ အိမ်ရှိရာဘက်ဆီ ဆက်မောင်းသွားသည်။

" ခင်ဗျား ဘယ်သွားမို့လဲ "

တင်းယိနန်သည် ကားအပြင်ဘက်ဆီ တစ်ချက်ကြည့်လိုက်ရင်း ဟော့ကျိရှောင်းဘက်လှည့်ကာ သတိပေးလိုက်၏။

ဟော့ကျိရှောင်းသည် ရှေ့ဘက်ကိုသာ တည့်တည့်ကြည့်နေရင်း

" ရှေ့နားတင် ငါ့ အိမ်ရောက်တော့မှာ၊ ငါ့ အိမ်ကို သွားနေတာပေါ့ "

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now