(၁)

14.9K 1.3K 44
                                    

{Unicode}

အခန်း(၁)

စနေနေ့မနက် ခုနှစ်နာရီ။

အိပ်ရာထက်တွင်မတော့ နှစ်ခြိုက်စွာ အိပ်မောကျနေသူနှစ်ဦး။

ပါးလျလျ ပိုးလွှာစောင်ခမျာ နွေဦး၏ နှစ်လိုဖွယ်ကောင်းသည့် နေခြည်နုနုအား ရှောင်ပုန်းဖို့ရန် မတတ်နိုင်ပါပေ။ ကြမ်းပြင်ထက်တွင်မူ ဖရိုဖရဲ ပြန့်ကျဲနေသည့် အဝတ်အစားများက နေရာယူထားကြကာ ယမန်နေ့ည၏ ပြင်းပြသည့် ပုံရိပ်များအား လှစ်ဟပြနေသယောင်။

တင်းယိနန်သည် ခုတင်ထက်ဆီမှ အဝတ်မဲ့ ခန္ဓာကိုယ်နှစ်ခုဆီ တစ်ချက်ဝေ့ကြည့်၏။ ထို့နောက်တွင် ပုံမှန်လုပ်နေကျအတိုင်း ကြမ်းပြင်ပေါ်ရှိ အဝတ်တွေကို ကောက်ယူကာ ခုတင်နံဘေးရှိ ခုံတွင် နေရာတကျ ပြန်တင်ထားပေးလိုက်သည်။ ပြီးသည်နှင့် နောက်ပြန်လှည့်ကာ ဧည့်ခန်းရှိရာဘက်ဆီ ထွက်လာခဲ့သည်။

ဓာတ်ပြားစင်ပေါ်တွင် အရည်အသွေး အကောင်းဆုံးသော ဓာတ်ပြားချက်တွေကို အစဥ်လိုက် စီထားသည်။ တင်းယိနန်သည် ထိုအထဲမှ တစ်ချပ်ကို ယူထုတ်ကာ ဓာတ်ပြားစက်ပေါ် တင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဧည့်ခန်းတွင်းရှိ ဓာတ်ပြားစက်ဆီမှ နားထောင်လိုက်ရသူအပေါင်း စိတ်လှုပ်ရှားသွားစေနိုင်သည့် Coloratura Soprano သံစဥ်တစ်ခု လွင့်ပျံ့လို့လာ၏။ ၎င်းအသံသည် မနက်ခင်း၏ တိတ်ဆိတ်ငြိမ်သက်မှုအား သဘာဝကျစွာပင် ရိုက်ခတ်သွားတော့သည်။

မီးဖိုခန်းထဲတွင်မူ Microwave ဆီမှ ထွက်လာသည့် တကျည်ကျည်မြည်သံနှင့်အတူ အိုးကင်းပေါ်တွင် ဆီပူတိုက်ကာ ​မြိုက်ထားသည့် ကြက်ဥကြော်ဆီမှ တစီစီသံသည် Soprano သံစဥ်အား ကူညီအားဖြည့်ပေးနေသယောင်။ ထိုစဥ်မှာပင် သံစဥ်၏ အမြင့်ဆုံးအပိုင်းဆီ တဖြည်းဖြည်းနှင့် ရောက်ရှိလို့လာသည်။

" မင်း ဘာလို့များ 'Queen of the Night Aria' ကို အရမ်းကြိုက်နေရတာလဲ "

ဟော့ကျိရှောင်းသည် မျက်မှောင်ကြီးကို ကြုတ်ထားကာ ဓာတ်ပြားစက်၏ မီးကြိုးအား ပလက်ပေါက်မှနေ၍ ဆွဲယူဖြုတ်ပစ်လိုက်သည်။ အနှီသူ၏ မျက်နှာမှာမူ အနှိုးခံလိုက်ရသည်ကို မကျေနပ်ဟန်က အထင်းသား ပေါ်လွင်လို့နေသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now