အချပ်ပို (၄)

3.7K 486 14
                                    

{Unicode}

ကောရိနှင့် လင်းကော် (၃)

လက်ထောက်ဖြစ်သူက သူ့ ထမင်းဘူးကို ယူပြီး အပြင်တွင် ထွက်စားသည့်အတွက် ကားထဲတွင် သူနှင့် လင်းကော်သာ ကျန်ခဲ့သည်။

ပြောရမည်ဆိုလျှင် သူ၏ လာရင်း ကိစ္စ ပြီးသွားပြီဖြစ်၍ ကောရိသည်လည်း ဤနေရာတွင် ဆက်ရှိနေဖို့ မလိုတော့။ သို့သော်လည်း လင်းကော်၏ ခြေထောက်က သူ့ပေါင်ပေါ်တွင် ရှိနေတုန်းဖြစ်ရာ သူ ထထွက်သွားဖို့ အဆင်မပြေ။ သူသည် ချီတုံချတုံဖြင့် ပြန်တော့မည်ဟု ပြောချင်သော်ငြား အဆုံးတွင် ပါတီ A ကို အတိုက်အခံ မပြုစေမိစေရန်အတွက် ထိုသူ၏ ခြေသလုံးကိုသာ ဆက်ပြီး နှိပ်နယ်ပေးနေလိုက်တော့၏။

မတိုင်မီကလို "မတော်တဆ ထိခိုက်မှု" မဖြစ်စေရန် သူသည် လင်းကော်၏ ခြေထောက်ကို အောက်မှ အသာပင့်ကာ မြှောက်ပြီး ကိုင်ထားလိုက်ရသည်။ သို့သော်လည်း ခဏအကြာတွင် မတော်တဆပဲလား တမင်သက်သက်လား မသိနိုင်စွာဖြင့် လင်းကော်၏ ခြေဖျားသည် သူ၏ ဝမ်းဗိုက်နှင့် လာပွတ်တိုက်မိနေသလို ခံစားလိုက်ရပြန်သည်။

သူတို့နှစ်ဦး၏ လက်ရှိ ကိုယ်ဟန်အနေအထားကြောင့် ခန္ဓာကိုယ်ခြင်း အထိအတွေ့ မရှိဖို့ရာကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ကောရိသည် ထွေထွေထူးထူး မတွေးမိဘဲ အခြားထိတွေ့မှု မဖြစ်စေရန် သူ့ ခန္ဓာကိုယ်ကိုသာ အနောက်ဘက်သို့ အနည်းငယ် ယို့ထားလိုက်၏။

သို့သော်လည်း ထိုခဏမှာပင် လင်းကော်သည် သူ့ ခြေထောက်ကို ရုတ်ခြည်း ဆန့်ထုတ်လိုက်ပြီး သူ့ ရင်အုပ်ကို ခြေမဖြင့် လာတို့ထိနေရင်းက

" မင်း လေ့ကျင့်ခန်း ပုံမှန် လုပ်ဖြစ်လား "

ကောရိမှာ ရုတ်တရက်ဖြစ်၍ ခဏမျှ ကြောင်သွားရပြီး သူ့ ရင်ဘတ်ပေါ် ရောက်နေသည့် ​ဝင်းဖန့်ဖန့် ခြေချောင်းတွေကို စိုက်ကြည့်လိုက်မိကာ ပြန်ဖြေလိုက်သည်။

" အပြေးလေ့ကျင့်ရတာတော့ ကြိုက်တယ် "

" အဲ့လိုကိုး "

လင်းကော်၏ ခြေဖျားသည် ရင်အုပ်ပေါ်မှတဆင့် အောက်ဘက်သို့ လျှောဆင်းသွားပြီး ကောရိ၏ တီရှပ်အောက်စကို ဆွဲယူမလိုက်သည့်အခါတွင်  ဝမ်းဗိုက်ကြွက်သားတွေကို အနည်းငယ် လှစ်ဟပြသလိုဖြစ်သွားရသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now