(၃၂)

6.6K 876 20
                                    

{Unicode}

အခန်း(၃၂)

တင်းယိနန်သည် အချိန်အတော်ကြာသည်အထိ မှင်တက်နေမိရာမှ ဟော့ကျိရှောင်းက ခေါင်းကို မော့ကာ ဘီယာတစ်ဂွတ်ဂွတ် သောက်စဥ် ထွက်လာသည့် အသံကြောင့် သတိပြန်ဝင်လာသည်။ သူသည် နှုတ်ခမ်းနား တေ့ပြီးဖြစ်နေသည့် ဘီယာဗူးကို ပြန်ချလိုက်ကာ တိမ်တွေကို မော့ကြည့်နေသည့် ဟော့ကျိရှောင်းကို မေးလိုက်သည်။

" ဘာကိစ္စ ကျွန်တော့်ကို နမ်းတာလဲ "

" ဘာရယ် မဟုတ်ပါဘူး "

ဟော့ကျိရှောင်းက ဆိုသည်။

" ဒီတိုင်းပဲ နမ်းချင်လာလို့ "

ကျောင်းဖတ်စာအုပ်ပေါ် တောင်ခြစ်မြောက်ခြစ် ခြစ်နေသည့် ကလေးငယ်တစ်ယောက်အား ဘာကြောင့် ထိုကဲ့သို့ လျှောက်ခြစ်နေသလဲဟု မေးလိုက်လျင် လျှောက်ခြစ်နေခြင်း မဟုတ်ဘဲ ပုံဆွဲထားတာပါဟူ၍ ဖြေလိမ့်မည်။

အကြောင်းပြချက်က လုံးဝမဆီလျော်သည့်တိုင် သူ့ပုံစံနဲ့သူတော့ အံဝင်ခွင်ကျဖြစ်နေသည်။ ဟော့ကျိရှောင်းသည်လည်း ထို့အတူပင်။ ဒီအတိုင်း နမ်းချင်စိတ်ဖြစ်လာ၍ အကြောင်းပြချက်မရှိ လူကို ထ နမ်းလိုက်သော်ငြား ဒါကပင် သူ၏ အမူအကျင့်ဖြစ်နေ၏။

ဟိုတယ်အခန်းထဲ ပြန်ရောက်သည့်အခါ တင်းယိနန်သည် ဖုန်းထဲတွင် " သူဌေးက မင်းကို နမ်းရင် ဘာဖြစ်ချင်လို့လဲ " ဟူ၍ ရိုက်ရှာကြည့်လိုက်သည်။

ဝင်ရောက်ဖြေဆိုသူများ၏ ထိပ်ဆုံးပိုင်းတွင် ရှိနေသည့် အဖြေမှာ -

[ ဒါ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်နှောင့်ယှက်မှုပဲ၊ အမြန်ဆုံး ရဲတိုင်ဖို့ အကြံပေးပါရစေ ]

မဟုတ်တာ။

တင်းယိနန်မှာ အခန်းထဲ ပြန်ရောက်ကတည်းက နားမလည်နိုင်သည့် အနမ်းအကြောင်းကိုသာ တွေးတောနေခဲ့မိသည်။ ထိုသူ အကြံပေးသလိုမျိုး လိင်ပိုင်းဆိုင်ရာ လုပ်ငန်းခွင် နှောင့်ယှက်မှုအဖြစ်ဟူ၍လည်း လက်သင့်မခံချင်ပြန်။

ထားလိုက်တော့။

တင်းယိနန်သည် စိတ်ပေါက်ပေါက်နှင့် ဖုန်းကို ခုတင်ပေါ် ပစ်ချလိုက်၏။  ဟော့ကျိရှောင်း၏ အကျင့်စရိုက်သည် ခန့်မှန့်ရခက်မှန်း သူကိုယ်တိုင် သိထားပြီးဖြစ်ပါလျက် ဘာကြောင့်များ တခြားသူတွေကို လိုက်မေးနေဖို့ လိုပါသနည်း။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now