(၂၅)

7.5K 927 33
                                    

{Unicode}

အခန်း(၂၅)

ဟော့ကျိရှောင်း၏ ကော်ဖီပမာဏအား မသိမသာလေး ခိုးလျှော့ချစဥ် လက်ပူးလက်ကြပ် မိသွားတုန်းကပင် တင်းယိနန်သည် ယခုလောက် မရှက်မိခဲ့ပါချေ။

ကော်ဖီပမာဏကို လျှော့ချရခြင်းမှာ ဟော့ကျိရှောင်း၏ ကျန်းမာရေးအတွက်ဟူသည့် အကြောင်းပြချက် ခိုင်ခိုင်မာမာရှိသည်။ ယခုတစ်ခေါက်မှာမူ သူသည် ညီမလေးအား စာပြပေးရန်ရှိသည်ဟု ပြောထားခဲ့ပြီးမှ ဘားသို့လာပြီး တစ်ခြားသူ၏ စီးပွားကို အကူအညီလာပေးတာဖြစ်နေသည်။ သူသည် ဟော့ကျိရှောင်းအား မည်သို့ရှင်းပြရမည်မှန်း မသိနိုင်အောင်ပင်ဖြစ်ရသည်။

" မင်း ဘာပြောတယ် "

ကျန့်ဟန်သည် သူ့ရှေ့တွင်ရှိသည့် လူသုံးယောက်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်နေသည်။ သူသည် ဖရဲသီးသတင်းအား ဦးဦးဖျားဖျား သိရပြီဟု ထင်နေရာမှ ထိုဖရဲသီးသည် သူ၏ ညီနောင်ကြီးနှင့် သက်ဆိုင်နေသည်ဟုဆိုရာ အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။

" ရတယ်၊ ဘာမှ မဟုတ်ဘူး "

ဟော့ကျိရှောင်းသည် တောင့်တောင့်ကြီးရပ်နေသည့် ဟန်ရှို့ကို ဝေ့ကြည့်လိုက်ရင်း ကျန့်ဟန်အမေးကို ပြန်ဖြေသည်။

" ငါ့လူကို ခေါ်သွားပြီ "

" ဘယ်ချိန်တုန်းက .... "

ကျန့်ဟန်၏ စကားသံသည် ဆူညံနေသည့် သီချင်းသံများအကြား ပျောက်ကွယ်လို့ သွားသည်။ တင်းယိနန်သည် သူ့ပခုံးအား အသာလှုပ်ယမ်းကာ ဟော့ကျိရှောင်း၏ ချုပ်ထိန်းထားမှုအောက်မှ လွတ်မြောက်ဖို့ ကြိုးစားသေးသည်။ သို့သော်လည်း ဟော့ကျိရှောင်းသည် သူ့အား ကုတ်ပိုးမှ ချုပ်ကိုင်လိုက်ပြီး ဟောခန်းမရှိရာဘက်ဆီ ခေါ်ဆောင်သွားတော့၏။

တင်းယိနန်သည် ဟန်ရှို့အား ဆတ်ဆတ်ထိမခံဘဲ တွန်းထုတ်ပစ်လိုက်နိုင်ပါသည့်တိုင် ဟော့ကျိရှောင်းကိုမူ ထိုသို့ မဆက်ဆံရဲပေ။ ထို့အပြင် ဟော့ကျိရှောင်းသည် မိမိ၏ အထက်လူကြီးဖြစ်ကာ မလှိမ့်တပတ်လုပ်ထားသည့် မည်သည့်အလုပ်သမားမဆို အထက်လူကြီးရှေ့တွင် စိတ်သက်တောင့်သက်သာဖြင့် နေနိုင်မည် မဟုတ်ပါချေ။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now