(၅၆)

4.9K 618 13
                                    

{Unicode}

အခန်း (၅၆)

လင်းကော်၏ အိမ်အတွင်းပိုင်း ပြင်ဆင်မှုမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ပရိဘောဂများ ထည့်ဖို့ရန်သာ ကျန်တော့သည်။

ပြန်လည်ပြုပြင်မှု လုပ်နေသည့် ကာလတစ်လျှောက် လင်းကော်သည် တစ်ခါလေးသော်မျှ ဂရုတစိုက်ဖြင့် မေးဖော်မရခဲ့။ ကြမ်းခင်း ခင်းသည်ဖြစ်စေ၊ နံရံကပ်ဗီရို တပ်ဆင်သည်ဖြစ်စေ၊ သူတို့ စတူဒီယို၏ အငယ်ဆုံးအဖွဲ့ဝင်လေး ကောယိကသာ သွားကြည့်ရှုပေးရသည်။

ဟော့ကျိရှောင်းကလည်း တင်းယိနန်၏ စီနီယာဖြစ်သူ ကျန်းဟွေ့၏ မိတ်ဆက်ပေးမှုဖြင့် အပန်းဖြေအိမ်ယာ ပြန်လည်ပြုပြင်ရေး ပရောဂျက်အသစ်တစ်ခုကို ရထားသည်။

အဆိုပါအိမ်ယာသည် တရုတ်နိုင်ငံ၏ ထင်ရှားသော ရှုခင်းသာနေရာတစ်ခုတွင် တည်ရှိသည်။ မူရင်းအဆောက်အဦများမှာ အလွန်ဟောင်းနွမ်းနေပြီဖြစ်ပြီး အခန်းတွင်း အလှဆင်ဒီဇိုင်းများကလည်း မကြာသေးမီနှစ်များအတွင်း ရေပန်းစားခဲ့သည့် ပုံစံလောက်ပင် မကောင်းတော့ချေ။ အခန့်သင့်လေတော့ ထိုပိုင်ရှင်သူဌေးနှင့် ကျန်းဟွေ့တို့မှာ အထက်တန်းကျောင်းနေဘက်များ ဖြစ်နေကြပြီး ပြန်လည်ပြုပြင်ရေးအတွက် အကြံတောင်းချိန်တွင် ဟော့ကျိရှောင်း၏ ကျေးလက်စာကြည့်တိုက်ဒီဇိုင်းကို ချက်ခြင်းပြေးမြင်ကာ သူတို့နှင့် ချိတ်ဆက်ပေးလိုက်ခြင်းပင်။

သို့သော်လည်း ဟော့ကျိရှောင်းတွင် လင်းကော်မှ မိတ်ဆက်ပေးထားသည့် အခြားပရောဂျက်တစ်ခုကလည်း ရှိနေသည်။ တင်းယိနန်သည် ပရောဂျက်နှစ်ခုကို ချိန်ဆကြည့်ပြီး ကျန်းဟွေ့ဆီမှ မျက်နှာသာပေးမှုကို ရရှိရန်အတွက် အပန်းဖြေအိမ်ရာပရောဂျက်ကို ဦးစွာ စတင်ဖို့ ဆုံးဖြတ်လိုက်သည်။

ဆက်ဆံရေးကွန်ရက်ဆိုသည် အလွန်မှော်ဆန်၏။ ပရောဂျက် တစ်ခုပြီးသွား၍ ပိုင်ရှင်က အကြိုက်တွေ့သည်ဆိုလျှင် ထိုအလုပ်အပ်သူက နောက်ထပ်အလုပ်အပ်သူတစ်ဦးကို အကြံပြုပေးလိုက်သည်။ တင်းယိနန်သည် ရှေးမဆွကတည်းက ထိုအခန်းကဏ္ဍ၏ အရေးပါမှုကို သိထားပြီးဖြစ်သော်လည်း သူ ကိုယ်တိုင်သူဌေးဖြစ်လာသည့်အခါမှ မည်မျှအရေးကြီးကြောင်း သေချာသိလိုက်ရတော့သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now