(၈)

8.5K 1K 47
                                    


{Unicode}

အခန်း(၈)

တင်းယိနန်သည် မနက် ခုနှစ်နာရီအတိတွင် အိပ်ရာမှ နိုးသည်။ ခုတင်နံဘေး ခုံပေါ်တွင်ရှိသည့် အဝေးထိန်းရီမုကို ယူကာ လိုက်ကာကို လှမ်းဖွင့်လိုက်သည်။ နံနက်ခင်း၏ အလင်းရောင်နုနုသည် ပြတင်းတံခါးမှတဆင့် ဖြတ်သန်းဝင်ရောက်လာကာ အခန်းတစ်ခုလုံး လင်းချင်း၍သွားသည်။

ဤဆိတ်ငြိမ်ရပ်ကွက်၏ အလယ်ဗဟိုတွင် ရေပန်းတစ်ခုရှိပြီး နေ့တစ်နေ့၏ ပထမဦးဆုံးသော ရေပန်းကို မနက်အစောအချိန်မှ စတင်ကာ ထုတ်လွှတ်သည်။ မနက်ခင်း၏ နေရောင်ဖြာအကျတွင် ရေပန်းမှ လွှတ်ထိုက်လိုက်သည့် ရေစက်မှုန်တွေနှင့် ရောထွေးသွားကာ သက်တံ့ရောင်စဥ်ခုနှစ်ဖြာကို ထွက်ပေါ်လာစေ၏။

ဤဖြစ်စဥ်အား တင်းယိနန် ပထမဦးဆုံး မျက်မြင်တွေ့လိုက်ရချိန်မှာ အဆောက်အအုံကြီးပင် တည်ဆောက်၍ မပြီးသေးချေ။ အဆောက်အအုံ၏ အဓိက ဒီဇိုင်းရေးဆွဲရေးကို တာဝန်ယူထားရသည့် ဟော့ကျိရှောင်းသည် ထိုရေပန်းကိုပါ ထည့်သွင်းရေးဆွဲခဲ့တာဖြစ်သည်။ ရာသီဥတုသာယာသည့် နေ့မျိုးတွင် အပြင်ထွက်လိုက်သည်နှင့် ရေပန်းမှ ထွက်ပေါ်လာသည့် သက်တံခုံးအား မြင်တွေ့နိုင်လိမ့်မည်ဖြစ်ပါ၏။

အလုပ်အပ်သူအား အဆိုပါဒီဇိုင်းနှင့် ပတ်သက်ပြီး ဟော့ကျိရှောင်း ရှင်းပြနေချိန် တင်းယိနန် တွေးနေမိသည်မှာ လူတွေ နေ့တိုင်းရောက်လာပြီး သက်တံ့ကို လာကြည့်ဖို့ ဘယ်လို စိတ်ကူးယဥ်ဆန်ပြီး တွေးနိုင်ရသည်လဲဟူ၍။ တကယ်တန်း တည်ဆောက်ရေး အလုံးစုံ ပြည့်စုံသွားသည့်အချိန် ဟော့ကျိရှောင်း၏ ဒီဇိုင်းမှာ စိတ်ကူးယဥ်သက်သက် မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ မနက်ခင်း နေရောင်ခြည်သည် ဖြည်းဖြည်းခြင်း ချင်းနင်းဝင်ရောက်လာပြီး ရေပန်းဆီမှ ရေမှုန်ရေမွှားလေးတွေနှင့် ရောယှက်၍သွားကာ ရောင်စုံသက်တံ့တစ်စင်းသည် တစ်စတစ်စနှင့် ရောင်ခြည်ဖြာလျှက် ထွက်ပေါ်လာသည်။ တင်းယိနန်သည် ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိ၏။

ကျို့ရှဲန်းတွင် အလုပ်လာလျှောက်စဥ်တုန်းက တင်းယိနန်သည် လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးနှင့် ဗိသုကာပညာရပ်ကို စိတ်ဝင်စား၍ မဟုတ်ခဲ့။ ဘွဲ့ယူဖို့ရန် နီးကပ်လာသည့် အချိန်တွင် သူတို့ ဌာနမှူးက ကြေငြာချက်တစ်စောင် တင်ပေးလာသည်။ ထိုထဲတွင် သူတို့ ကျောင်းသားဟောင်းအုပ်စု၏ WeChat စကားပြောခန်းမှတဆင့် ဟော့ရှင်းက အလုပ်ခန့်ထားဖို့ရန် ရွေးချယ်မည့်အကြောင်း ပြောကြားထားသည့် ပို့စ်ကိုပါ တွဲတင်ပေးထား၏။ တရားဝင် ဝန်ထမ်းအဖြစ်ရွေးချယ်ခံရလျှင် တစ်လစာဝင်ငွေမှာ ယွမ်နှစ်သောင်းနှင့်အထက် ခံစားခွင့်ရှိမည်ဟု ရေးထားသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now