V5 Chapter 5

96 12 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 5 - ရှန်းယန်ခရိုင်

အိန္ဒိယ - ဆုဗာနာ နယ်စပ်ရှိ တောင်တန်းများပေါ်တွင်ဖြစ်သည်။

မြူတန့်မဟာမိတ်တပ်ဖွဲ့မှ စစ်သားများက သူတို့ခန္ဓာကိုယ်ကို နွေးထွေးစေရန် သားမွှေးအင်္ကျီများ ဝတ်ဆင်ထားရသည်။ ဆုဗာနာ၏တောင်တန်းများက နာမည်ကျော်ဟိမဝန္တာတောင်တန်းများနှင့်ထိစပ်နေပြီး မြင့်မားသောကြောင့် အောက်စီဂျင်ပါးလွှာခြင်းနှင့် အေး​ချမ်းခြင်းဒဏ်နှစ်ခုလုံးကို သူတို့ခံစားနေရ၏။ ယင်းက ဆုဗာနာအတွက် ဘုရားပေးသော သဘာဝခံစစ်တစ်ခုသဖွယ် ယူဆနိုင်ပါသည်။

ပလာဒင်ချပ်ဝတ်များက ဝတ်ဆင်သူကို ရာသီဥတုဒဏ်မခံရအောင် ကာကွယ်ပေးနိုင်သော်လည်း ယင်းချပ်ဝတ်များအတွက် လိုအပ်သည့် လောင်စာပမာဏကို ကြေးစားတပ်ဖွဲ့ပင် အကန့်အသတ်မဲ့ မတတ်နိုင်ပါ။ Prototype 01 အမျိုးအစား Coreမှ စွမ်းအင်ထုတ်ပေးနိုင်စွမ်းမှာ အကန့်အသတ်ရှိပြီး BH02 ကဲ့သို့ စွမ်းအင်အလိုလိုပြန်မပြည့်ပါ။ အတွင်းအူတိုင်မှ နျူကလီးယားပေါင်းစည်းခြင်းလောင်စာမှာ ယနေ့ခေတ်တွင် အလွယ်တကူရနိုင်သည့်တိုင် ထောင်ချီသည့် စစ်သည်များအတွက် ထောက်ပံပေးရမည်ဆိုပါက ကုန်ကျစရိတ်ထောင်းလာမည်မှာ သေချာသည်မဟုတ်ပါလား။ ထို့ကြောင့် စစ်စခန်းအတွင်းရှိစစ်သည်များမှာ ထိုဝတ်စုံများကို ဝတ်မထားကြဘဲ စွမ်းအင်ခြွေတာလျက်ရှိ၏။

စစ်သည်ငါးထောင်ခန့်စုဝေးနေသော စစ်စခန်းအလယ်တွင်တော့ အမိန့်ပေးရွက်ဖျင်တဲရှိနေပြီး လက်ရှိစစ်ကြောင်း၏အဓိက ခေါင်းဆောင်လေးဦးက ခေါင်းချင်းဆိုင်လျက် ဆွေးနွေးနေကြပေသည်။

သူတို့အားလုံးက ဂျာမန်SSတပ်ဖွဲ့ဝတ်ဆုံနှင့် အနည်းငယ်တူညီသော အနက်ရောင်စစ်အရာရှိဝတ်စုံများ ဝတ်ဆင်ထားကြပြီး ရာထူးကြီးမြင့်သူများ ဖြစ်ဟန်ပေါ်၏။

"လော့ဒ်မာရှယ်က ဆုဗာနာကို ငါတို့မြန်မြန်မသိမ်းနိုင်လို့ ဒေါသထွက်နေတယ်။ စစ်ပွဲနှင်းဆီရဲ့တပ်မဟာ ၃၀၃နဲ့၃၀၄က နိုင်ငံတွေအများကြီးကို တစ််ခဏလေးနဲ့ သိမ်းနိုင်ပေမဲ့ ငါတို့တပ်မဟာ ၃၁၀က ဆုဗာနာမှာ အချိန်ဖြုန်းလွန်းအားကြီးနေတယ်တဲ့။" ဗိုလ်မှူးကြီးအဆင့် အရာရှိက သူတို့ဗိုလ်ချုပ်လော့ဒ်မာရှယ်ထံမှ သဘောထားကို ဖော်ပြလိုက်ရာ ကျန်အရာရှိသုံးဦးလုံး မျက်နှာများဖြူဖွေးသွားကြသည်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now