ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 12 - အစီအစဥ်အပြာရောင်နဲ့ခဲရောင်စက်ထားတဲ့ အပေါ့စားသံချပ်ကာဝတ်စုံကိုဝတ်ထားတဲ့ နျူရေက ဆိုင်ကယ်ပျံပေါ်မှာ နေရာယူထားပြီးတော့ ဆိုင်ကယ်ကစက်သေနတ်တွေနဲ့ မြေပြင်ကိုပစ်ခတ်နေတယ်။ ပစ်မှတ်ကတော့ အေမီဖြစ်ပြီးတော့ ကျောင်းတွင်းတောအုပ်ငယ်ရဲ့ အရိပ်အာဝါသကောင်းမှုကို အားပြုလို့ သစ်ပင်တွေ
တစ်ခုနဲ့တစ်ခုကြား ခုန်ကူးပြေးလွှားနေပါတယ်။ သူ့လက်ထဲမှာတော့ နေရောင်အောင်မှာ တောက်ပနေတဲ့
ဖန်သလင်းလုံးကို တွေ့နိုင်တယ်။ပထမတစ်ကြိမ် အတန်းBနဲ့ အတန်းD တို့ရဲ့ပြိုင်ပွဲပြီးသွားတာ အတော်ကြာပြီ။ အခုအချိန်ထိ လက်တွေ့တိုက်ပွဲသင်ခန်းစာမှာ အေမီကိုပြတ်ပြတ်သားသား အနိုင်ယူနိုင်တဲ့အတန်းမရှိသေးဘူး။ အတန်းတိုင်းက
ကျောင်းသားတွေရဲ့မျှော်လင့်ချက်ကို သံမဏိအရုပ်မက ရိုက်ချိုးပစ်ခဲ့တာချည်းပဲ။အခုဒုတိယနှစ်ဝက်မှာလည်း အတန်းBနဲ့အတန်းD နောက်တစ်ကြိမ်ရင်ဆိုင်မိကြပြန်ပြီဖြစ်ပြီး အေမီရဲ့လက်ထဲမှာကိုင်ထားတဲ့ သလင်းဖန်လုံးကိုထပ်လုဖို့
ကံကြမ္မာဖန်လာပြန်တယ်။ဝှစ်....
အေမီက သစ်တောထဲမှာပြေးနေတုန်း သူ့တည့်တည့်ကို ဧရာမကျောက်တုံးကြီးတစ်ခုပြေးဝင်လာလို့မြေပြင်ကို ခြေစုံကန်ပြီး ခုန်ထွက်လိုက်ရတယ်။ လက်ထဲမှာတော့ သလင်းဖန်လုံးကို ဆက်ကိုင်ထားဆဲဖြစ်ပြီး သူ့အကြည့်က ကျောက်တုံးလာရာကို ကြည့်လိုက်တယ်။ လက်တစ်ဖက် အကြီးကြီးဖြစ်နေတဲ့ ဂိုးလ်က သူနဲ့မမျက်နှာချင်းဆိုင်မှာရှိနေပြီး သစ်ပျိုပင်တစ်ပင်ကို အမြစ်ကနေဆွဲနှုတ်ကာ တင်းပုတ်သဖွယ်ကိုင်လိုက်တယ်။
"ဒီတစ်ခါတော့ မရတော့ဘူးကွ။" ဂိုးလ်က အော်ဟစ်ရင်း ရှစ်ပေလောက်ရှည်တဲ့ သစ်ပင်ပင်စည်ကြီးနဲ့ အေမီကို ရိုက်ချလိုက်တယ်။ အေမီက သာသာလေးရှောင်လိုက်ပေမဲ့ ဂိုးလ်က အလျားလိုက်စက်ဝိုင်းခြမ်းသဏ္ဍာန် ဝိုက်ပြီးရိုက်လိုက်ပြန်တယ်။
အေမီက သစ်ကိုင်းကိုလက်နဲ့ထောက်ပြီး လှလှလေးပဲ ခုန်ကျော်လိုက်တယ်။ အဲဒီနောက် ဖန်လုံးကိုရင်မှာပိုက်ထားရင်း ဂိုးလ်ဆီကို တည့်တည့်ပြေးဝင်တယ်။
ဂိုးလ်းကလည်း သစ်ပင်နဲ့ရိုက်ချလိုက်ပေမဲ့ အေမီက
ဒီတစ်ခါတော့ ပြင်ဆင်ထားပုံရပြီး သစ်လုံးအလည်
တည့်တည့်ကို လက်သီးနဲ့ထိုးချလိုက်တယ်။
DU LIEST GERADE
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...