ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 33 - မျိုးနွယ်စုများအကြားပြိုင်ပွဲမက်ဒါနာက ပျင်းရိစရာကောင်းပြီး အပြောင်းအလဲမရှိတဲ့ အဖြူရောင်မျက်နှာကျက်ကြီးကို စိုက်ကြည့်နေမိတယ်။ တကယ်လို့ အဲဒီမျက်နှာကျက်ကြီးသာ အသက်ရှိတယ်ဆိုရင် ထပ်တွေ့ကြပြန်ပြီနော်လို့ ပြောမလားပဲ။
"နောက်ထပ် ဒီနေရာထပ်ရောက်လာပြန်ပြီလား။" ဒေါသထွက်နေတဲ့ ရွှေရောင်ဆံပင်နဲ့အလှလေး မက်ဒါနာ (ရုပ်ဖျက်ထား)က ဒေါသတကြီးအော်ဟစ်လိုက်တယ်။ ဒါပေမဲ့ ဆေးရုံခန်းက သူတစ်ယောက်တည်းအတွက်မဟုတ်ဘဲ တခြားသူတွေလည်း ရှိနေတယ်။
"လေးလအတွင်း နောက်ထပ်ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်နဲ့ ထပ်တွေ့ရမယ်လို့ ထင်ကိုမထားတာ။" ရေဂင်နဲ့ တိုက်ခိုက်တုန်းက ပါခဲ့တဲ့ ဖလေရာက နဖူးပေါ်လက်တင်စဥ်းစားရင်း ပြောလိုက်တယ်။ သူလည်း ဟိုကောင်လေးနဲ့ပွဲမှာ တော်တော်ခံလိုက်ရတာမလို့ တစ်ကိုယ်လုံး ပတ်တီးတွေနဲ့ပါ။
"ဒီအတိုင်းသာဆိုရင် လူသားတွေအကုန်လုံး သုံးနှစ်အတွင်း မျိုးတုန်းကုန်လိမ့်မယ်ထင်တယ်။ နင့်ဝတ်စုံတွေကို ထပ်ပြီးအဆင့်မြှင့်လို့မရဘူးလား၊ မက်ဒါနာရေ။"
လင်ဒါကလည်း ပြောလိုက်တယ်။ မက်ဒါနာက
သက်ပြင်းတချချနဲ့ ပြန်ဖြေလိုက်တာပေါ့။ "ဇက်သတ္တုက ကမ္ဘာ့ဒဏ်အခံဆုံးသတ္တုမဟုတ်လား။ ငါလည်း ဒီထက်ပိုကောင်းတဲ့ ဝတ်စုံတွေထွင်လို့မရတော့ဘူး။"ပြောရရင် လက်ရှိငွေရောင်စစ်သည်ဝတ်စုံက ကမ္ဘာမြေမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့နည်းပညာတွေနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး ပိုကောင်းအောင်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဆိုဖီယာကလည်း ထောက်ခံတဲ့အနေနဲ့ ဝင်ပြောပါတယ်။
"ဖက်ဒရေးရှင်းမှာလည်း အယ်ဖာတွေကို တိုက်ရိုက်ရင်ဆိုင်ဖျက်ဆီးနိုင်တဲ့ နည်းပညာဝတ်စုံမျိုးမရှိဘူး။ ဒါကြောင့် မက်ဒါနာပြောတာအမှန်ပဲ။"
ခနနေတော့ ဆေးရုံတံခါးပွင့်လာတယ်။ ခါတိုင်းလိုပဲ ဖရီးမေဆင်ဝတ်စုံနဲ့လူကြီး ဝင်လာပြီးတော့ သူတို့မေ့မျောနေတုန်းက ဖြစ်ခဲ့တဲ့သတင်းတွေကို လာပြောပြတာ။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...