ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 39 - လန်ဒန်တိုက်ပွဲတစ်ပတ်ကြာပြီးနောက်။
မက်ဒါနာက အပြည့်အစုံတပ်ဆင်ပြီးတဲ့ မြို့ကာကွယ်ရေးစနစ်ကို ကြည့်လိုက်တယ်။ တာဝါက ဆယ့်ငါးမီတာလောက်မြင့်ပြီး ထရပ်ကားတစ်စင်းပေါ်မှာပါ။ ဖရာလီတာတို့အုပ်စုက လန်ဒန်ရဲ့အမြင့်ဆုံးတာဝါဖြစ်တဲ့ The Shardမှာ တင်ဖို့လုပ်နေတာပါ။ The Shardက မီတာသုံးရာကျော်မြင့်ပြီး လန်ဒန်တံတားနဲ့နီးပါတယ်။ ပြီးတော့ သိမ်းမြစ်ကမ်းဘေးမှာ။
သတင်းဌာနတွေကလည်း အသစ်တပ်ဆင်တော့မယ့် ငြိမ်းချမ်းရေးမဟာမိတ်ရဲ့ကာကွယ်ရေးစနစ်သစ်ကို ထုတ်ပြန်ကြေညာနေကြတယ်။ ထုံးစံအရဆိုရင်တော့ ဒီလိုအရာမျိုးက လျှို့ဝှက်ချက်ဖြစ်သင့်ပေမဲ့ မြို့နေလူထုကို ကာကွယ်ပေးမယ့် အရာတစ်ခုဖြစ်ပြီး လက်နက်တစ်ခုမဟုတ်တာကြောင့် ကောင်စီက လူထုကို အသိပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ သူတို့တပ်ဆင်ရမယ့် ပစ္စည်းရဲ့အရွယ်နဲ့တည်နေရာက လျှို့ဝှက်ဖို့မဖြစ်နိုင်ဘဲ မြို့လယ်ခေါင်မှာပါ။ ဒါပေါ့၊ အချက်အလက်တိုင်းကို ထုတ်ပြန်ထားတာမဟုတ်ဘဲ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်လဲ ဆိုတာတွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
"တစ်ပတ်လုံးလုံး ကြိုးစားပြီးတဲ့နောက်တော့ ငါတို့ရဲ့ပထမဆုံးခံစစ်စနစ်ကို အသုံးပြုနိုင်တော့မယ်ထင်တယ်။ ဘယ်လိုလဲ၊ စမ်းကြည့်ဖို့ စိတ်လှုပ်ရှားနေပြီလား။"
ဖရာလီတာက နယ်ဆင်သင်္ဘောပျံ ထိန်းချုပ်ခန်းမှာထိုင်နေရင်း မက်ဒါနာကို ပြောလိုက်တယ်။ ဗြိတိသျှတွေရဲ့အင်အားအကြီးဆုံး လေပေါ်စစ်သင်္ဘောကြီးက ကာကွယ်ရေးစနစ်ကို လိုက်ပါစောင့်ရှောက်နေပြီး
တပ်ဆင်တဲ့ လုပ်ငန်းစဥ်ကို စောင့်ကြည့်နေပါတယ်။ အကြီးစား ဝန်သယ်ဟယ်လီကော်ပတာတွေက စနစ်ကို စမပြီးတာဝါတိုင်ပေါ်ကို တင်တယ်။ နာရီပိုင်းကြာပြီးတဲ့နောက်တော့ လန်ဒန်ရဲ့အမြင့်ဆုံးတာဝါပေါ်မှာ မြို့ကိုကာကွယ်ပေးမယ့် စနစ်တစ်ခုကို တပ်ဆင်ပြီးသွားပါပြီ။မက်ဒါနာကတော့ ဒီအချိန်အတွင်းမှာ ကမ္ဘာတစ်ဝန်းက သတင်းတွေကိုကြည့်ရင်း အချိန်ဖြုန်းနေခဲ့တာပေါ့။ ဘာကြောင့်မှန်းမသိပေမဲ့ တစ်ကမ္ဘာလုံးက ငြိမ်သက်ပြီး အေးချမ်းနေသလိုပဲ။ ပိုးကောင်ကျူးကျော်မှုဆိုတာ မရှိတဲ့အတိုင်းပါ။ ဒါပေါ့၊ ငြိမ်းချမ်းရေးမဟာမိတ်က ရိုမေးနီးယားကို တိုက်ခိုက်မြဲတိုက်ခိုက်နေဆဲဖြစ်ပြီး အခုလိုငြိမ်သက်မှုက မုန်တိုင်းမကျခင် လေပြေလာနေတာဖြစ်မှာစိုးရတယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...