V6 Chapter 1

82 13 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 1 - အမေရိကန်မြေကို ခြေပြန်ချပြီ

ဒီနေ့က ဧပြီလ ၂၄ ရက်နေ့ပါ။ ဧပြီလရဲ့နောက်ဆုံးရက်သတ္တပတ် တတိယမြောက်နေ့လည်းဖြစ်တယ်။

နယူးယောက် လေယာဥ်ရဲ့ဆိုက်ရောက်စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ လူတွေအားလုံး တစ်နေရာကို လှည်ကြည့်လိုက်မိကြတယ်။ သူ​တို့မြင်နေရတဲ့ မြင်ကွင်းက အမေရိကန်မှာ အတော်လေးဆန်းသစ်တယ်လို့ ပြောလို့ရနိုင်တယ်။

နက်ပြာရောင်စစ်သမီးဝတ်စုံနဲ့တူတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ အသက်နှစ်ဆယ်ကျော်အမျိုးသမီးလေးက ဝှီးချဲပေါ်မှာထိုင်နေတယ်။ သူ့ရဲ့ဆံပင်အရောင်က ရွှေရောင်ဖြစ်ပြီး မျက်လုံးတွေကတော့ အပြာရောင်ပါ။ အသားအရေက ကြွေသားလိုဖြူဖွေးနေပြီး မြင်သူအပေါင်း မနေနိုင်ဘဲ ဆယ်ခါပြန်ငေးရလောက်တဲ့အထိလှပါတယ်။

အဲဒီကောင်မလေးရဲ့နောက်မှာတော့ မျက်နှာထားခပ်တည်တည်နဲ့ အသားညိုညိုအိမ်စေမလေးရပ်နေပါတယ်။ သူတို့ဘေးမှာတော့ များပြားလှတဲ့ သတ္တုသေတ္တာတွေ ပုံခံလို့နေလေရဲ့။

ခပ်ဝဝ မေရိကန်လူဝင်​မှုကြီးကြပ်ရေးအရာရှိက အဲဒီကောင်မလေးရဲ့ရုရှားပက်စပို့ကိုဖတ်ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။ "နာမည်က မစ် ပေါ်လီယာနာ အီဗန်နော့ခ် ဟုတ်ပါတယ်နော်။"

"ဟုတ်ပါတယ်။" ကောင်မလေးက ရုရှားသံဝဲဝဲအင်္ဂလိပ်စကားနဲ့ ပြန်ဖြေတယ်။ ရဲနှစ်ယောက်ကတော့ ကောင်မလေးသယ်လာတဲ့ သတ္တုသေတ္တာတွေကို အသေအချာစစ်ဆေးနေကြတယ်။ မသိရင် ဗုံးတွေပါလာမှာ ကြောက်နေတဲ့အတိုင်းပဲ။

"ဒီတော့ မင်းက မော့စကိုကနေ ကိုယ်ပိုင်ဂျက်လေယာဥ်ငှားပြီး နယူးယောက်လေဆိပ်ကို ဆင်းသက်လာတယ်။ ပြီးတော့ ကမ္ဘာ့အန္တရာယ်အများဆုံး နည်းပညာမြင့်လက်နက်မော်ဒယ်တွေနဲ့နော်။ ဒီအပြုအမူမျိုးက တရားမဝင်ဘူးဆိုတာ သိရဲ့လား။ လက်နက်မှောင်ခိုသံသယမှုနဲ့တောင် စစ်ဆေးခံရနိုင်တယ်နော်၊မစ်။"

လူဝင်မှုကြီးကြပ်ရေးအရာရှိက နည်းနည်းဖြဲခြောက်ပေမဲ့ ပေါ်လီယာနာဆိုတဲ့ကောင်မလေးကတော့ ပခုံးပဲတွန့်ပြတယ်။ နောက်တော့ သူ့နောက်မှာရပ်နေတဲ့ အိမ်စေမလေးကို အမိန့်ပေးပြီး ရိုးရိုးအဝတ်အိတ်ထဲကနေ စာရွတ်စာတမ်းတချို့ထုတ်ခိုင်းလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now