ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 42 -စွမ်းအင်ဒိုင်းကာကြီးက လုံးဝပြိုကျပျက်စီးသွားခဲ့ပါပြီ။ ကိုင်းတိုနဲ့ကြောင်နက်က အချိန်မီလိုက်လာပေမဲ့ ထိရောက်တဲ့ခံစစ်ကို ထုတ်ဖော်နိုင်စွမ်းမရှိကြတော့ဘူး။ သူတို့နှစ်ယောက်လုံး မြို့ထဲရောက်နေပြီဖြစ်လို့ အပြင်မှာလို အားကုန်ထုတ်တိုက်ခိုက်မယ်ဆိုရင် မြို့ထဲက သာမန်လူတွေကို ထိခိုက်မိပါလိမ့်မယ်။
"ဆက်မတိုက်ကြသေးဘူးလား၊ နင်တို့အားနည်းချက်က သာမန်လူတွေဆိုတာ ငါသိသားပဲ။ အခုနင်တို့ဘာဆက်လုပ်မလဲ။"
ကျိုင်းကောင်က လက်ကိုမြှောက်လိုက်တယ်။ ကိုင်းတိုတို့ကတော့ အကြံကုန်နေပြီဖြစ်လို့ အံ့ကိုကြိတ်ရင်း
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကြတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ငွေရောင်အလင်းတန်းတစ်ခုက ဓားကြီးကိုကိုင်ပြီး မြို့ထဲကို အပြေးဝင်လာခဲ့ပါပြီ။...
မြို့ထဲကို ရောက်ရောက်ချင်းမှာပဲ မက်ဒါနာက စစ်ပွဲနှင်းဆီရှေ့မှာ ပြေးရပ်လိုက်တယ်။ ငွေရောင်စစ်သည်ကိုမြင်တာနဲ့ လင်ဒါရဲ့အကြည့်တွေ ဝင်ပသွားတယ်။ သူတစ်ယောင်တည်းဆက်တိုက်နေရင် နိုင်မလားရှုံးမလား အဖြေကမသေချာပါဘူး။
"ဟားဟား၊ နင်ရောက်လာတော့ရော ဘာဖြစ်လဲ။ နင့်ကို ငါထိန်းချုပ်နိုင်ရင်...." စစ်ပွဲနှင်းဆီက ကြိုးတွေကိုသုံးပြီး ငွေရောင်စစ်သည်ကို ကြိုးဆွဲဖို့လုပ်ပေမဲ့ မက်ဒါနာက ဓားကိုမြှောက်ပြီး ကြိုးတွေကိုအသာလေးဖြတ်ပစ်လိုက်တယ်။ နောက်တော့ ဓားကိုအပြားဘက်လှည့်ပြီး စစ်ပွဲနှင်းဆီရဲ့မျက်နှာကို ရိုက်ချလိုက်လေရဲ့။
ဖောင်း....
နှာခေါင်းကနေ သွေးထွက်လာပြီး မွန်သွားတာမလို့ စစ်ပွဲနှင်းဆီ မြေပေါ်မှာရပ်နိုင်စွမ်းပျောက်သွားခဲ့ပါပြီ။ မက်ဒါနာကတော့ လက်ကိုလှုပ်ရှားလိုက်ပြီး ဝတ်စုံက လက်ဖျံမှာထည့်ထားတဲ့ လျှပ်စီးလက်ထိပ်ကွင်းတွေနဲ့ စစ်ပွဲနှင်းဆီရဲ့လက်တွေကို လှုပ်ရှားလို့မရအောင် လမ်းမနဲ့တွဲချုပ်ပေးထားလိုက်တယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...