V7 Chapter 16

70 8 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 16 - အေးခဲနေတဲ့ မိုးရေစက်တွေကြားမှာ လောင်ကျွမ်းသွားခဲ့

ရေဂင်က သူပြုတ်ကျသွားတဲ့ အုတ်ပုံထဲကနေပြီး ပြန်ထလိုက်တယ်။ အခုသူက အဆောက်အဦးတစ်ခုထဲမှာ ရှိနေတာဖြစ်ပြီးတော့ ရဲတွေက အဆောက်အဦးထဲကလူတွေကို ပြောင်းရွှေ့ပေးဖို့လုပ်နေတဲ့ လုပ်ငန်းစဥ်အတွင်းမှာပါ။ လူနဲ့တူပေမဲ့ အပြာရောင်ပိုးတောင်မာပုံပေါက်နေတဲ့ ရေဂင်ကြောင့် လူတွေအကုန်လုံး လန့်ဖြန့်ကုန်တယ်။ ရဲတွေကလည်း ရေဂင်ကို ကြောက်လန့်တကြားဖြစ်နေတဲ့အထဲကနေဘဲ သေနတ်နဲ့ချိန်ပြီး ရှေ့တိုးလာရင်ပစ်ဖို့ အသင့်ပြင်တယ်။

ရေဂင်က ရှေ့တိုးဖို့ကြိုးစားလိုက်ပေမဲ့ သူ့ခန္ဓာကိုယ်က အားအင်တွေ လျင်မြန်တဲ့နှုန်းနဲ့ ယုတ်လျော့နေတာကို ခံစားလိုက်ရတဲ့အတွက် သူ့စိတ်ကိုထိန်းအား အောက်ကိုပြန်ငုံကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာ ညှော်နံထွက်နေတဲ့ အပေါက်ကြီးတစ်ပေါက်ရှိနေပြီး အဝါရောင်သွေးရည်ကြည်တွေက ရေပိုက်ပေါက်သလို စီးကျနေပါတယ်။ ပိုးကောင်ဗိုလ်ချုပ်တစ်​ယောက်ဖြစ်တာတောင်မှ အလင်းဒြပ်စင်တန်းက သူ့ကိုဒဏ်ရာကြီးကြီးမားမားရအောင် စွမ်းဆောင်လိုက်နိုင်ပုံပဲ။

"နောက်တစ်ခါမှပေါ့။" ဒေါသထွက်နေတဲ့ရေဂင်က သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ပြောရင်း မြေကိုခြေဆောင့်ကာ ကောင်းကင်ပေါ်ခုန်တက်လိုက်ပြီး မြို့ထဲကနေ ပျောက်ကွယ်သွားတယ်။ ရဲတွေနဲ့ပြည်သူတွေကတော့ အကြောင်သားကျန်နေရစ်တယ်။

မက်ဒါနာတို့ တွင်းထဲကနေ တက်လာချိန်မှာတော့ ရေဂင်ကို အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး။ အေမီက မက်ဒါနာကို ကုန်းပိုးထားရပြီး ခွေးကြီးစေဘာစတိန်းကလည်း ရေဂင့်လက်​သီးချက်ကြောင့် ထိခိုက်သွားတဲ့အတွက် ပိန်လိန်နေတဲ့ အနက်ရောင်သေတ္တာအဖြစ် ပြန်ပြောင်းထားရ​ပြီး အေမီရဲ့လက်ထဲမှာ ရှိနေပါတယ်။

"တွက်ချက်ထားတဲ့အတိုင်းမဟုတ်ဘဲ နည်းနည်းလေးသာလွဲသွားရင် ငါသေမှာ။" မက်ဒါနာက ပါးစပ်ထဲကနေ သွေးနဲ့သွားရည်တွေကို ထွေးထုတ်လိုက်ရင်း ပြောလိုက်တယ်။ ဖလေရာကလည်း ဝတ်စုံက အပျက်အစီးတွေကို စစ်ဆေးကြည့်လိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now