V5 Chapter 7

90 11 1
                                    

ငါက သူရဲကောင်း​ဖြစ်ချင်ရုံပါ
V5 Chapter 7 - သွေးစွန်းမုန်တိုင်း ရောက်လာခြင်း

နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာပထမဆုံး လုပ်ဖြစ်တဲ့အရာက အေမီရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်တာပါ။ ပျက်စီးနေတဲ့ အစိတ်အပိုင်းတော်တော်များများကို အစားမထိုးနိုင်သေးပေမဲ့ သေချာလေး စနစ်တကျရှိစေချင်မိလို့လေ။

အားလုံးလုပ်ပြီးပြန်သွားပြန်တော့ မက်ဒါနာတစ်ယောက် အေမီရဲ့မျက်နှာကိုကြည့်ရင်း အကြာကြီး ငိုင်နေမိပြန်တယ်။

"လူတစ်ယောက်ရဲ့တန်ဖိုးကို အဲဒီလူမရှိတော့မှ သိလာတယ်ဆိုတာ တကယ်မှန်တာပဲ။ တကယ်ပဲအသားကျမနေဘူး။"

အေမီရှိနေတုန်းက မက်ဒါနာရဲ့ဘဝက အတော်လေးအဆင်ပြေနေခဲ့တာ။ အရာရာတိုင်းကို အေမီကစီစဥ်ပေးတတ်ပြီး သူ့မှာပူပင်စရာ အတော်ရှားခဲ့ပါတယ်။ ဒီကောင်မလေးကို သူဘယ်လိုပဲ အသုံးမကျဘူးပြောပြော စိတ်ဆိုးမသွားဘဲ အမြဲတမ်းပြန်ပြုံးပြလေ့ရှိတယ်။ အချိန်ကြာလာတဲ့နောက်တော့ အေမီက သူ့ရဲ့အရင်းနှီးဆုံး မိသားစုတစ်ယောက်လို ဖြစ်လာခဲ့ပါပြီ။

တကယ်တော့ အခုနောက်ပိုင်းဆိုရင် သူ့ရဲ့မိသားစုဝင်အစစ်​တွေထက်တောင် အေမီနဲ့ပိုပြီး အချိန်ကြာကြာကြာ နေဖြစ်ပါတယ်။

"အစ်မကြီးရေ၊ လွှတ်တော်သွားရမယ်လေ။" အပြင်ဖက်ကအသံကြောင့် မက်ဒါနာလှည့်ကြည့်လိုက်မိတယ်။ ဂျက်ထိုးမထားတဲ့ အခန်းတံခါးက ပွင့်သွားပြီး ကောင်လေးဒီပဝင်လာတယ်။

ဒီပက မက်ဒါနာကို လွှတ်တော်တက်ဖို့ လာခေါ်တာ။ ဒါပေမဲ့ မက်ဒါနာက အေမီရဲ့ခေါင်းလေးကိုပွတ်သပ်ရင်း မျက်ရည်ကျနေတာမြင်​တော့ ဒီပအံ့ဩသွားပါတယ်။

"အစ်... အစ်မကြီးက မိန်းကလေးတစ်ယောက်အတွက် ငိုနေတာလား။"

"ငါ... ငါမငိုပါဘူးဟ..." မက်ဒါနာက ချက်ချင်းပဲ ပြောင်လိမ်လိုက်ပြီး မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ကောင်လေးဒီပက သူမျက်ရည်ကျနေတာကို မြင်ပြီးသားမလို့ အရှက်ပြေမျက်ရည်သုတ်ပစ်ရုံထက် ဘာမှမပိုဘူးရယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now