ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 17 - မထိုက်တန်သေးဘူး
လင်ဒါက လေ့ကျင့်ရေးကွင်းကို တိုက်ရိုက်ဝင်သွားတယ်။ ဝင်သွားပြီးမကြာခင်မှာပဲ ပလာဒင်နည်းပညာချပ်ဝတ်တွေဝတ်ထားပြီး ပစ်မှတ်တွေကို ရိုင်ဖယ်နဲ့ချိန်ပစ်နေတဲ့ အထူးရဲတပ်ဖွဲ့ဝင် ငါးယောက်ကိုသူတို့မြင်လိုက်ရတယ်။ အဲဒီလူတွေနဲ့အတူ ထိပ်ပြောင်ပြောင်အရာရှိကြီးတစ်ယောက်ကို ထပ်တွေ့ရပြန်တယ်။
"အရာရှိ၊ ဘာလို့အထက်လူကြီးတွေအကုန်လုံးက ထိပ်ပြောင်နေကြတာလဲဟင်။" ဆိုင်းရပ်က ခေါင်းကုပ်လိုက်ရင်း လင်ဒါကိုမေးတယ်။ လင်ဒါကတော့ ဘယ်လိုပြန်ဖြေရမှန်းမသိဘဲ ဆွံအသွားပါလေရော။
"တပ်ဖွဲ့မှူး၊ ကျွန်မက လင်ဒါပါ။ ရဲမှူးချုပ်က အထူးတပ်ဖွဲ့ရဲ့ဝတ်စုံနဲ့ပတ်သက်ပြီး ရှင်အကူအညီလိုနေတယ်ဆိုလို့ လွှတ်လိုက်တာပါ။"
လင်ဒါရဲ့စကားကြောင့် တပ်မှူးကြီးက လှည့်ကြည့်တယ်။ ဒီတပ်မှူးက လွန်ခဲ့တဲ့နှစ်တွေတုန်းက နယူးယောက်တိုက်ခိုက်မှုမှာ တာဝန်ယူခဲ့တဲ့ S.W.A.T တပ်မှူးကို ဆက်ခံတဲ့သူပါ။ လင်ဒါကိုမြင်တော့ သူ့မျက်နှာက ချက်ချင်းဝင်းပသွားတယ်။
"အရာရှိလင်ဒါပါလား၊ ခင်ဗျားနဲ့တွေ့ရတာ ဂုဏ်ယူစရာပဲ။" တပ်မှူးက လင်ဒါကို လက်ဆွဲနှုတ်ဆက်တယ်။ အဲဒီနောက် လင်ဒါက လေ့ကျင့်နေတဲ့တပ်ဖွဲ့ဝင်တွေကို ကြည့်လိုက်ပြီးတဲ့နောက် စားပွဲပေါ်မှာတင်ထားတဲ့ စမ်းသပ်ပုံစံလက်နက်တွေကိုကြည့်ကာ မေးလိုက်တယ်။
"အလင်းဒြပ်စင်လက်နက်တွေကို စမ်းသုံးကြည့်ဖို့ပြင်ဆင်နေတာလား။" စားပွဲပေါ်က လက်နက်တချို့က မဟာမိတ်ကတီထွင်ထားတဲ့ လက်နက်တွေပါ။
"ဟုတ််တယ်၊ ဒါပေမဲ့ ဒီလက်နက်တွေက ပြန်ကန်အားကောင်းလွန်းတယ်။ ဒီတော့ ပုံမှန်ပလာဒင်ဝတ်စုံတွေက အဲဒီအားကို တောင့်မခံနိုင်ဘူးဖြစ်နေတာ။"
ESTÁS LEYENDO
I just Wanna be Hero, not Heroine (Season 2)
Ciencia FicciónSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...