ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 24 - အမဲလိုက်ရာသီနယူးယောက်ဟီးရိုးကျောင်းရုံးခန်း။
မက်ဒါနာက သူ့ရှေ့မှာရှိနေတဲ့ ကျောင်းသားအုပ်စုကိုမော့ကြည့်လိုက်တယ်။ စားပွဲပေါ်မှာ အစီရင်ခံစာတွေနဲ့ပြည့်နေပြီး မျက်ကွင်းတွေညိုနေတာမလို့ ပင်ပန်းနေကြောင်း သိနိုင်ပါတယ်။
"ဒီတော့ လက်တွေ့တိုက်ပွဲဘာသာရပ်မှာ ရလဒ်များပြီး လက်တွေ့ဟီးရိုးမစ်ရှင်ယူဖို့ အရည်အချင်းပြည့်မီတာ နင်တို့ခြောက်ယောက်လား။"
ကျောင်းအုပ်အလှလေးက သူတို့ကို စိုက်ကြည့်နေတဲ့အတွက် ကျောင်းသားအုပ်စုက တုန့်ခနဲဖြစ်သွားကြတယ်။ သူတို့တွေ လွန်ခဲ့တဲ့ရက်ကပဲ နောက်ဆုံးကျန်တဲ့ ဘာသာရေးစာမေးပွဲကို ဖြေပြီးကြတာ။ ပြီးတော့ ရလဒ်ကောင်းတယ်လို့ ပြောလို့ရတယ်။ ဟီးရိုးပညာရေးစနစ်အရ ယာယီလိုင်စင်နဲ့လက်တွေ့ဟီးရိုးတာဝန်ကို ထမ်းဆောင်ဖူးတဲ့ ကျောင်းသားတွေက ကျောင်းပြီးတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းပိုများတယ်။ အေဂျင်စီတွေက အဲဲဒီလိုကလေးတွေကို ပိုပြီးအလုပ်ခေါ်တတ်ကြတယ်လေ။ ပြီးတော့ ပထမနှစ်မှာ ဟီးရိုးမစ်ရှင်အောင်မြင်ထားရင် ဒုတိယနှစ်ရောက်တာနဲ့ အလုပ်သင်ဟီးရိုးလုပ်လို့ရပြီ။
အရင်တုန်းကတော့ နယူးယောက်ကျောင်းမှာ ဒီလိုမစ်ရှင်ကို ထမ်းဆောင်နိုင်လောက်တဲ့ ကျောင်းသားတွေ များများစားစားမရှိခဲ့တဲ့အတွက် ဖားလေးတစ်ယောက်ပဲ အလုပ်သင်ဟီးရိုးဖြစ်ခဲ့တာ။ အခုတော့ သူတို့မှာ အလားအလာကောင်းတဲ့ လူခြောက်ယောက်ရှိနေပြီ။
"ဟုတ်ကဲ့၊ ကျွန်မတို့ အကောင်းဆုံးကြိုးစားပါမယ်။"
ရှက်နေတဲ့ ဘယ်လာက ဖြေလိုက်တယ်။ ဒီC အဆင့်မြူတန့်ကျောင်းသူက လေးလတာအတွင်းမှာ သိသာတဲ့ တိုးတက်မှုတွေရှိခဲ့ပြီး C+ အဆင့်ကိုရောက်နေပါပြီ။ ဒီတော့ အဆင့်မီတဲ့ခြောက်ယောက်ထဲ ပါနေတာ သိပ်မထူးဆန်းဘူး။မက်ဒါနာက ခေါင်းညိတ်ပြီး ကျန်တဲ့ကျောင်းသားတွေကို ကြည့်လိုက်တယ်။ အားလုံးက ရင်းနီးတဲ့သူတွေဖြစ်ပြီး အီဗန်၊ နျူရေ၊ ဘယ်လာ၊ ဂိုးလ်၊ ဗင်းဆင့်နဲ့ ဂရေဟမ်တို့ပါ။ ဂရေဟမ်က စွမ်းအားသိပ်မကြီးလို့ တစ်ယောက်ချင်းစီဖြေရတဲ့ လက်တွေ့တိုက်ပွဲစာမေးပွဲမှာ အေမီအမှောက်သိပ်တာခံလိုက်ရပေမဲ့ ရေးဖြေတွေမှာ နျူရေထက်တောင် အမှတ်ပိုများလို့ အဖွဲ့ထဲပါလာတာ။
STAI LEGGENDO
I just Wanna be Hero, not Heroine (Season 2)
FantascienzaSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...