ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 11 - မနက်စာ
"မင်္ဂလာနံနက်ခင်းပါ၊ သခင်မလေး။" မက်ဒါနာနိုးလာတော့ သူ့ဘာသာအဝတ်လဲနေတဲ့အေမီကို အခန်းထဲမှာ တွေ့လိုက်ရတယ်။ ဒါကြောင့် မက်ဒါနာလည်း ထူးဆန်းစွာနဲ့ အေမီရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်လေရဲ့။
သူပြန်ပြီးဖန်တီးထားလို့ အေမီရဲ့ခန္ဓာကိုယ်က လူသားတစ်ယောက်နဲ့လုံးဝနီးပါးဆင်တူပြီး အရေပြားကပြစ်မျိုးမှဲ့မထင် ညိုပြီးချောမွေ့နေတာမျိုးဖြစ်တယ်။ ဒါပေမဲ့ပြဿနာက...
"အေမီရေ၊ နင်ဘာလို့ အဝတ်လဲနေတာလဲဟင်။" မက်ဒါနာက သူ့စိတ်ထဲမှာသိမ်းထားရလွန်းလို့ မအီမသာဖြစ်နေတဲ့မေးခွန်းကို ထုတ်မေးလိုက်တယ်။ စက်ရုပ်တစ်ရုပ်အနေနဲ့ အေမီက လူသားတွေလိုမျိုး ချွေးထွက်ခြင်းမရှိပါဘူး။ အဝတ်အစားတွေညစ်ပတ်ကုန်လို့ လဲရတာမျိုးရှိပေမဲ့လို့ များသောအားဖြင့် အပြင်ကပြန်လာပြီးညနေပိုင်းလောက်မှ အဝတ်လဲတာ။ မနက်ပိုင်းအဝတ်မလဲဘူး။
"အဲဒါကလား၊ မနေ့ညက သခင်မလေးအိပ်ပျော်သွားတော့ ကျွန်မအပြင်ခနသွားလိုက်သေးတယ်လေ။"
အေမီက သူ့ခြေထောက်မှာစွပ်ထားတဲ့ အဖြူရောင်စတော့ကင်အတိုကို ချွတ်လိုက်ရင်း မက်ဒါနာကိုပြန်ဖြေပါတယ်။ ခြေအိတ်ရှည်နှစ်ဖက်လုံးချွတ်ပြီးတဲ့နောက် ရင်ဘတ်က ဇာနက်ကလေးတွေကိုချွတ်ဖို့လုပ်တော့ မက်ဒါနာလည်း အလိုက်သတိတစ်ဖက်လှည့်ပေးလိုက်တယ်။
"နင်ညဘက်မြို့ထဲမှာ ကင်းလှည့်တာလား။" မက်ဒါနာက နီရဲနေတဲ့ သူ့ပါးပြင်လေးကို အေမီမမြင်ရအောင်လို့ လက်ဝါးနဲ့အုပ်ထားပြီး နံရံကိုပဲ စိုက်ကြည့်နေဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ အခန်းမီးလုံးအောက်တည့်တည့်မှာ အေမီရဲ့ခန္ဓာကိုယ်ကရှိနေတဲ့အတွက် အရိပ်က နံရံကိုလာထိုးနေပြီး အေမီရဲ့ခန္ဓာကိုယ်လှလှလေးကို တစ်ဆင့်ခံမြင်နေရရော။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...