V5 Chapter 32

77 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 32 - အင်အားစုသစ်အတွက် အစီအစဥ်

ဖရာလီတာက ခရက်ဇီလာဆီကို ပြေးတက်သွားပြီး ရှေ့ပိုင်းကို ခြေထောက်နဲ့ပြေးကန်တယ်။ အလေးချိန်ကြောင့် ခရက်ဇီလာရဲ့ခြေထောက်တွေ ညွှတ်ကျသွားတယ်။

ဖရာလီတာရဲ့အကြံက စက်ရုပ်ကို အလင်းဗုံးနဲ့တည့်ပစ်ဖို့။ ဒါပေမဲ့ အကြံက ထင်ထားသလိုဖြစ်မလာဘူး။ သူသတိမထားမိခင်မှာပဲ စက်လက်တံကြီးတွေက အမြန်လှုပ်ရှားလာနေပြီ။

ကျွီ...

"သေစမ်း..." ခရက်ဇီလာတွေက တကယ်ပဲမာကျောပြီး အန္တရာယ်များပါတယ်။ သတိမမူဘဲ ဝင်လာတဲ့ ဝါးဖရိန်ကို ခရက်ဇီလာရဲ့လက်မကြီးက လက်မောင်းနဲ့ခါးကိုတစ်သားတည်း ဆွဲညှပ်ပစ်လိုက်တယ်။ ဗုံးလောင်ချာပါ ညပ်နေလို့ အမြောက်နဲ့မပစ်နိုင်သေးဘူး။

  ခရပ်ဇီလာက ဝါးဖရိန်ကို ဆွဲမြှောက်တယ်။ မီးမှုတ်တဲ့ပြွန်လည်း စပြီးလှုပ်ရှားလာတယ်။

"မကောင်းတော့ဘူး..." ဖရာလီတာက ခရက်ဇီလာတွေရဲ့တည်ရှိမှုကို စပိုင်သတင်းတွေကနေ ကြားခဲ့ပေမဲ့ တိကျတဲ့ စွမ်းဆောင်ရည်တွေကိုတော့ သိမထားသေးဘူး။

အစောပိုင်းက အရုပ်မတွေနဲ့လည်း တိုက်ခိုက်ကြည့်ဖူးပေမဲ့ အရုပ်မတွေ​က ခရက်ဇီလာရဲ့တကယ့်ခွန်အားကို ဆွဲထုတ်နိုင်တဲ့အထိ အားမကောင်းသေးပါဘူး။ ဒီတော့ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်တဲ့အခါမှာ အခက်အခဲနဲ့ ကြုံရတာ ပုံမှန်ပါပဲ။

ရှီး...

ငရဲမီး​တန်းကြီးက ပြွန်ဝကနေ ထွက်လာနေပြီ။ ဒါပေမဲ့ ဖရာလီတာကို ဒီလောက်နဲ့အနိုင်ယူဖို့တော့ ဝေးပါသေးတယ်။ ဖရာလီတာက ကျောက ဂျက်အင်ဂျင်ကိုသုံးပြီး ရုန်းထွက်လိုက်တယ်။ ကဏန်းညှပ်က အတော်ခိုင်ပြီး ဖရာလီတာအလုံးစုံတော့ ရုန်းထွက်လို့မရခဲ့ပေမဲ့ ရှိနေတဲ့နေရာကနေ ဘေးကိုနည်းနည်းရွေ့​တယ်။ မီးတန်းက ဝါးဖရိန်ဘေးကနေ ဖြတ်သန်းသွားတယ်။

ဝါးဖရိန်ရဲ့သတ္တုတွေဟာ အပူချိန်ကြောင့် နီရဲလာတယ်။တိုက်ရိုက်ထိတာမဟုတ်သေးဘူး။ ဖရာလီတာကိုယ်တိုင်လည်း မြင့်တက်လာတဲ့ ဝတ်စုံအပူချိန်ကြောင့် ချွေးပံနေပြီ။

I just Wanna be Hero, not Heroine (Season 2)Wo Geschichten leben. Entdecke jetzt