ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 38 - လူပျောက်ရှာပုံတော်လင်ဒါတို့ရဲကားက သိုလှောင်ရုံကို ရောက်လာကြတယ်။ အလုပ်သမားတစ်ယောက်ပျောက်သွားပေမဲ့ သိုလှောင်ရုံက ဆက်ပြီးလည်ပတ်နေတုန်းပါပဲ။ သိုလှောင်ရုံရှေ့မှာ ပစ္စည်းအသယ်အချလုပ်နေတဲ့ ထရပ်ကားတွေနဲ့အလုပ်သမားတွေကို လင်ဒါတို့မြင်နေရတယ်။
"စတန်းဒတ်သိုလှောင်ရုံက နယူးယောက်မှာ သိပ်မကြီးတဲ့ လျှပ်စစ်ပစ္စည်းသိုလှောင်ရုံတစ်ခုပဲ။ အရင်က ဒီလိုပြဿနာတက်တာမျိုးလည်းမရှိဘူး။ သူတို့မန်နေဂျာကိုမေးကြည့်ရင် တစ်ခုခုသိလောက်မှာပါ။"
လင်ဒါပြောလိုက်တော့ ရဲသားတွေခေါင်းညိတ်လိုက်တယ်။ ဒါက ပုံမှန်လုပ်ရိုးလုပ်စဥ်တစ်ခုပါပဲ။ ရဲသုံးယောက် ကားပေါ်ကဆင်းလာတော့ အလုပ်သမားတချို့က တအံ့တဩနဲ့ကြည့်နေကြတယ်။ လင်ဒါက အလုပ်သမားတွေထဲက တစ်ယောက်ကိုစကားစပြီး မန်နေဂျာကို ခေါ်ပေးဖို့ပြောလိုက်တယ်။
မကြာခင်မှာပဲ ပုပုဝဝနဲ့ အဝတ်အစားသန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ သိုလှောင်ရုံမန်နေဂျာထွက်လာပြီးတွေ့တယ်။ လင်ဒါက မန်နေဂျာကို အကျိုးအကြောင်းပြောတော့ မန်နေဂျာက ခေါင်းကုတ်ပြီးပြောလိုက်ပါတယ်။
"ကျွန်တော်သူ့မိသားစုကို ပြောခဲ့သလိုပဲ သူအိမ်ပြန်သွားတယ်လို့ပဲ ထင်နေတာပါ။ ညစောင့်အများစုက ကျွန်တော်ရောက်လာတာမစောင့်ဘဲ မနက်ဖက်တာဝန်ကျတဲ့သူတွေကို တာဝန်လွှဲပြီးပြန်တတ်ကြတယ်လေ။"
မန်နေဂျာပြောတာက နည်းနည်းသဘာဝကျတယ်ဆိုပေမဲ့ အဲဒီအလုပ်သမားက အိမ်ပြန်မရောက်လာဘူးမလား။ လင်ဒါက သိုလှောင်ရုံအဝကနေ လှည့်ပတ်ကြည့်ရင်း လုံခြုံရေးကင်မရာတစ်လုံးကို မြင်သွားတော့တယ်။
"ရှင်တို့သိုလှောင်ရုံထဲမှာရော CCTVတပ်ထားလား။"
မန်နေဂျာက ခေါင်းညိတ်ပြတယ်။ "သိုလှောင်ရုံထဲကို ခိုးဝင်တဲ့ကိစ္စမျိုးရှိဖူးတော့ အတွင်းရောအပြင်မှာပါ လုံခြုံရေးကင်မရာ ဆယ်လုံးလောက်တပ်ထားပါတယ်။ စခန်းမှူးတို့ မှတ်တမ်းတွေပြန်ကြည့်မလို့လား။"
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...