V5 Chapter 23

77 11 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 23 - သေရေးရှင်ရေး

(မှတ်ချက် ၁၈ယောက်စုဖတ်ရမယ့်ကိစ္စ အနည်းငယ်ပါ။)

ကြောင်မေမေက ဆရာကြောင်ကို ဆိုင်အပေါ်ထပ် လူနေအခန်းတွေအထိ ဆွဲခေါ်သွားတယ်။ နောက်တော့ သူတို့နေတဲ့ အခန်းတံခါးကိုဖွင့်လိုက်ပြီး လူတစ်ရပ်နီးပါးရှိတဲ့ကြောင်ကြီးကို ဆွဲထည့်တယ်။

အဲဒီနောက်တော့ ဆရာကြောင်ကို လက်နှစ်ဖက်နဲ့ချီပြီး နှစ်ယောက်အိပ် King Size အိပ်ရာကြီးပေါ်ကို ပစ်တင်လိုက်တယ်။ အခုဆရာကြောင် သတိဝင်လာပြီ။ မိန်းမလုပ်သူက လက်သံပြောင်ပေမဲ့ ဘယ်လိုပဲပြောပြော သူကအဆင့်မြင့်မြူတန့်သားရဲပါ။

"မိန်း... မိန်းမ... မင်းဘာလုပ်မလို့လဲ။"

"အရာအရာ... ကိုကိုနီကိုလိုင်းရေ၊ တို့တွေမှာ သားလေးတစ်ယောက်ရှိရင်မကောင်းဘူးလား။ ဒါမှအူရိခဲဂမိသားစုအတွက် အမွေခံသားသားလေးရှိမှာလေ။"

ဆရာကြောင်တစ်ယောက် အဲဒီအစားကြောက် နောက်တစ်ခါထိတ်လန့်သွားပြီး အမွှေးတွေထောင်ထလာပြန်တယ်။ ကြောင်မေမေရဲ့အမြီးကတော့ နောက်မှာတနှံနှံဖြစ်နေပြီး အပေါ်ထပ်အင်္ကျီကို ဆွဲဆောင်မှုရှိရှိချွတ်လိုက်တယ်။

ဆရာကြောင်က အိပ်ရာပေါ်ကနေ ဆင်းပြေးချင်ပေမဲ့ ကြောင်မေမေက ကိုကိုနီကိုလိုင်းရဲ့ရင်ဘတ်ကို လက်ဖဝါးနဲ့တွန်းပြီး အိပ်ရာပေါ်ပြန်ပစ်တင်တယ်။

"အ... အရင်က မိန်းမပဲ နောက်ထပ်ကလေးမယူတော့ဘူးဆို။"

"ဪ... အဲဒီတုန်းက သမီးလေးက ငယ်သေးတယ်လေ။ အခုသမီးလေးက အရွယ်ရောက်သွားပြီဆိုတော့ အဟိအဟိ...." ကြောင်မေမေက ခြေထောက်တစ်ဖက်ကို အိပ်ရာပေါ်တင်ပြီး စကော့ကင်ခြေအိတ်ကို စဆွဲချွတ်တယ်။

ဆရာကြောင်ကတော့ အိပ်ရာပေါ်မှာဆန့်ဆန့်ကြီးဖြစ်နေပြီး နှလုံးအခုန်​မြန်လွန်းလို့ ကိုယ့်ရင်ဘတ်ကိုယ် လက်နဲ့ဆုပ်ကိုင်ထားရလေရဲ့။

"မိန်းမ... မင်းငါ့ကို ခုနက စိတ်ဆိုးနေတာမဟုတ်ဘူးလား။ အခုကျဘယ်လိုဖြစ်ရပြန်တာတုန်း...."

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now