ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 28 - အသိုက်"ဒီတော့ အနီးအနားရွာတွေကလူတွေ ဒီတောင်ခြေကို ဒီအတိုင်းလမ်းလျှောက်ထွက်လာပြီး ပျောက်ကုန်တယ်လို့ ဆိုလိုချင်တာလား။" ဖရာလီတာက ယာဥ်ပျံပေါ်ကနေ ဆင်းလာပြီး တောင်ခြေပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
အယ်လိုဟင်ကတော့ မြေပြင်မှာခြောက်သွေ့ပြီးသေနေတဲ့ မြက်ပင်တွေထဲက တစ်ခုကို အသာလေးဆွဲနှုတ်ကြည့်လိုက်တယ်။ မြက်ပင်က အမြစ်ကနေ ချက်ချင်းကျွတ်ပါလာပါတယ်။ အယ်လိုဟင်က ဖရာလီတာကို သူ့လက်ထဲက မြက်ပင်ကို မြှောက်ပြတယ်။
"သခင်မလေး၊ ဒီတောင်ခြေက မြေဆီလွှာတွေက ပုံမှန်မဟုတ်ဘူး။ ပွစာကျဲနေပြီး အပင်တွေတောင် မြေဩဇာမရလို့ သေကုန်ပြီ။"
ဖရာလီတာ၊ ဥစာကီနဲ့ တခြားသူတွေအားလုံး အယ်လိုဟင်ရှာတွေ့ထားတဲ့နေရာကို လာကြည့်ကြတယ်။ တကယ်ပဲ ပုံမှန်မဟုတ်ဘူး။ ဆိုက်ဘေးရီးယားဒေသက အမြဲအေးခဲနေလို့ စိုက်ပျိုးလို့မကောင်းပေမဲ့ နွေဦးကာလမှာတော့ ပန်းပင်တွေနဲ့မြက်ပင်တွေ မြန်မြန်ကြီးထွားနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ဒီနေရာက အခုလိုဖြစ်မနေဘူး။
"ဒီနေရာက မြေကြီးတွေမှာ ကြွက်အကြီးကြီးတွေ သွားလာထားသလိုမျိုး ကလိုဏ်တွင်းတွေရှိနေတာပဲ။"
အယ်လိုဟင်က အပေါ်ယံမြေပြင်ကို လက်သီးနဲ့ထိုးချလိုက်တယ်။ အပေါ်ယံမြေကြီးတွေက ကျွံကျသွားပြီး ရှုပ်ထွေးလှတဲ့ မြေအောက်ကလိုဏ်တွေကို သူတို့စမြင်လာရတယ်။
ဖရာလီတာက မီးကျည်တစ်ခုကို မီးညှိလိုက်ပြီး ကလိုဏ်တွင်းထဲကို ပစ်ချလိုက်တယ်။ လူတစ်ယောက် ခေါင်းငုံပြီးသွားရင် အခက်အခဲမရှိဆက်သွားလို့ရအောင်ကျယ်တဲ့ တွင်းတွေက မြေအောက်အနက်ပိုင်းကို ဦးတည်သွားနေပါတယ်။
နဖူးမှာပတ်တီးစည်းထားတဲ့ ဒရုန်းဇုန်လည်း တွင်းဝမှာ ငုတ်တုပ်ထိုင်ပြီး အောက်ကိုငုံကြည့်တယ်။ ပြီးတဲ့နောက် သူတွေးမိတဲ့အတွေးတစ်ခုကို ထုတ်ပြောကြည့်တယ်။
"အနီးအနားရွာက လူတွေအကုန်လုံး မြေအောက်ထဲကို တွင်းတွေတူးပြီး သွားနေကြတာလား။" ဒါပေမဲ့ အယ်လိုဟင်က ပိုကြောက်ဖို့ကောင်းတဲ့ ဖြစ်နိုင်ခြေကို ပြောလိုက်တယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...