V9 Chapter 27

35 2 0
                                    


ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 27 - ခွဲစိတ်ခြင်း

 လင်ဒါရဲ့ဝတ်စုံကို စမ်းသပ်ပြီးတဲ့နောက်တော့ မက်ဒါနာက အေမီရဲ့ဝတ်စုံကိုပါ တစ်ပါတည်းစဥ်းစားတယ်။ မက်ဒါနာက ဒီဇိုင်းကိုပြန်သုံးသပ်နေရင်းကနေ အေမီကိုကြည့်ပြီး မေးလိုက်တယ်။

 "အေမီ၊ နင့်ရဲ့ဓားနှစ်လက်က အခုအဆင့်မှာ အဲဒီလောက် အသုံးမဝင်တော့ဘူးမဟုတ်လား။ တခြားလက်နက်တစ်ခုခု စဥ်းစားထားတာမျိုးရှိလား။"

 အေမီရဲ့စစ်နတ်သမီးဝတ်စုံက ဓားနှစ်လက်နဲ့ရိုင်ဖယ်က အေမီအဆင့်မြင့်လာလေ အသုံးမဝင်တော့လေပါပဲ။ အေမီကလည်း ခေါင်းညိတ်ပြလိုက်တယ်။

 "ဟုတ်၊ အရင်တစ်ခါက သုံးခဲ့သလိုမျိုး တံစဥ်ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။"

 အေမီအသုံးပြုခဲ့တဲ့ တံစဥ်က မြွေနဂါးရဲ့အရိပ်ထဲကနေ ဆင့်ခေါ်ထားတာဖြစ်ပြီး အကောင်အထည်မရှိပါဘူး။ ပြီးတော့ အေမီအနေနဲ့ အဲဒီလက်နက်ကို အနူးဘစ်ပုံပြောင်းထားမှပဲ အသုံးပြုနိုင်တာပါ။

 "အင်း၊ နင့်အတွက် တံစဥ်တစ်လက်ဖန်တီးပေးရင်လည်း မဆိုးဘူးပဲ။ ဓားနှစ်လက်ထက် ပိုအားပါပြီး ဖျက်ဆီးအားကောင်းမယ်လို့ ခံစားနေရတယ်။"

 မက်ဒါနာက အေမီအတွက်လည်း လက်နက်အသစ် ဖန်တီးပေးမယ်လို့ပြောတော့ အေမီက ပြုံးလိုက်ပါတယ်။ ခနနေတော့ သူတို့စမ်းသပ်ခန်းတံခါးပွင့်သွားပြီး လီဆာတို့ဝင်လာတယ်။ လက်ထဲမှာလည်း မုန့်တွေအများကြီးနဲ့ ပန်းစည်းတစ်ခုပါလာတယ်။

 "ကျောင်းကနေ ပြန်လည်ကြိုဆိုပါတယ် သခင်မလေးတို့။" အေမီက အိမ်စေဂါဝန်အနားကိုဆုပ်ကိုင်ပြီး လီဆာနဲ့စကော်ပီယိုတို့ကို ဦးညွှတ်လိုက်တယ်။ မက်ဒါနာက သူတို့ဝယ်ထားတာတွေကို မေးခွန်းထုတ်တဲ့ပုံစံနဲ့ ကြည့်လိုက်တော့ လီဆာက ပြုံးပြုံးနဲ့ပဲရှင်းပြပါတယ်။

 "သမီးတို့က လူနာကြည့်သွားမှာမဟုတ်လား၊ ဒါကြောင့် လက်ဆောင်လေးဘာလေး ယူသွားရင်ကောင်းမလားလို့ တွေးမိလို့ပါ။"

 မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ တကယ်လိုအပ်လာရင် နှလုံးသွေးကြောကို ထုတ်ပေးရမှာဆိုပေမဲ့ လီဆာက ကြောက်ရွံနေတဲ့ပုံစံမျိုး မရှိတော့ပါဘူး။ မက်ဒါနာက ဖရာလီတာကို မေးငေါ့ပြတယ်။ သူတို့လူနာသွားတွေ့ဖို့အတွက် အချိန်ကျပါပြီ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now