ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 9 - ငိုကြွေးနေသောဖီးနစ်ဆိုဖီယာက ရေဂင်ရဲ့ချိတ်တွေကို ရှောင်ရှားနေပေမဲ့ အသက်ဓာတ်စုပ်ယူတဲ့ ဧရိယာက ပိုမိုကျယ်ပြန်လာတဲ့အတွက် ပိုးတောင်မာစက်ရုပ်ကို အဝေးကနေပဲ တိုက်ခိုက်လို့ရနေတယ်။ ဆိုဖီယာက မြေကြီးတွေကို ဧရာမတူကြီးအဖြစ် ဖွဲ့စည်းဖြစ်လိုက်ပြီး ပိုးတောင်မာကို ထုချလိုက်တယ်။ ပိုးတောင်မာက လက်တစ်ဖက်ကိုမြှောက်ပြီး တားဆီးလိုက်ကာ တစ်ဖက်က ချိတ်နဲ့လှမ်းပစ်တယ်။ ဆိုဖီယာရဲ့မျက်လုံးတွေက တောက်ပလာပြီး ချိတ်ကောက်ကို တားလိုက်လေရဲ့။ ဒါပေမဲ့ ဆိုဖီယာက ရန်သူရဲ့တိုက်ကွက်ကို ခုခံလိုက်နိုင်လို့ နည်းနည်းလေးမှ ဝမ်းသာမနေဘူး။
"ခုခံဖို့တောင် ဒီလောက်ခက်ခဲနေတာ။ ရှေ့တက်ဖို့ဆိုရင်တော့။"
နဂါးပြာက ပိုးတောင်မာရဲ့ခြေထောက်အောက်မှာ နင်းချေခံရေတဲ့ နဂါးကြီးက ပါးစပ်ဟပြီး ပိုးတောင်မာရဲ့မျက်နှာကို အပြာရောင်အလင်းတန်းတွေနဲ့မှုတ်ထုတ်ပေမဲ့ ဖျက်ဆီးဖို့တောင်ဝေးစွ၊ နောက်ဆုတ်သွားအောင်တောင် ဘယ်လိုမှလုပ်လို့ရမနေဘူး။
"ဒီကောင်က လီဆာရဲ့အသက်စွမ်းအားကိုစုပ်ယူပြီး
ပိုအားကောင်းလာအောင်လုပ်နေတာပဲ။ ငါ့မှာတခြားရွေးစရာမရှိတော့ဘူး။"ဆိုဖီယာက နှုတ်ခမ်းကိုကိုက်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ခန္ဓာကိုယ်က အရှိန်အဝါတွေ ပိုမိုပြီးပြင်းထန်လာပါပြီ။ ချက်ချင်းဆိုသလိုပဲ သူ့မျက်နှာပေါ်က သွေးရောင်သန်းနေတဲ့ အရိပ်အယောင်တွေအားလုံး ဆုတ်ယုတ်ပျောက်ကွယ်သွားပြီး မြို့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်တဲ့အငွေ့အသက်တွေနဲ့ ပြည့်နှံသွားတယ်။
"ကမ္ဘာလောကကြီး ငါ့အမိန့်ကိုနာခံစမ်း။" ချက်ချင်းဆိုသလိုပဲ တောင်တန်းတွေ၊ ပင်လယ်သမုဒ္ဒရာတွေနဲ့
လေထုကြီးတစ်ခုလုံး ဆိုဖီယာရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားတယ်။ သူမျက်လုံးကို ပြန်ဖွင့်လိုက်ချိန်မှာတော့ နှာခေါင်းကနေ ညစ်မည်းနေတဲ့သွေးစတချို့ စီးကျလာပြီး မျက်လုံးအိမ်က လောကကြီးတစ်ခုလုံးကို ထင်ဟပ်နေတယ်။
![](https://img.wattpad.com/cover/338099016-288-k56061.jpg)
CZYTASZ
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...