ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 31 - ဧည့်သည်များ
ပိုးကောင်နန်းတော်။
ဥစာကီက ပလ္လင်ပေါ်မှာထိုင်နေပြီး ပေါင်ပေါ်မှာတော့လသားအရွယ် ဆံပင်ထောင်ထောင်နဲ့ကောင်လေးကို တင်ထားတယ်။ ကောင်လေးကို အပြာရောင်ယောက်ျားဝတ် ကီမိုနီကို ဝတ်ထားပေးပြီး အသားဖြူဖြူလေးမလို့ အင်မတန်ချစ်စရာကောင်းနေပါတယ်။
"မင်းက ထင်ထားတာထက် ချစ်စရာကောင်းနေတာပဲ၊ ကူရို" ဥစာကီက ပြုံးလိုက်ရင်းနဲ့ ကောင်လေးရဲ့နဖူးကို လက်ညိုးနဲ့တောက်လိုက်တယ်။ ကောင်လေးကတော့သူ့လက်ကလေးတွေနဲ့ ဥစာကီရဲ့လက်ညိုးကိုဆုပ်ကိုင်ထားပြီး ပြုံးပြနေပါတယ်။
"အရှင်မ၊ ကျွန်တော်မျိုး အခစားရောက်လာပါပြီ။" အနောက်တိုင်းဝတ်စုံကို သန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ ယင်ကောင်က ခန်းမထဲကို ဝင်လာပြီး ဥစာကီရှေ့မှာ ဒူးထောက်ချလိုက်ပါတယ်။ ဥစာကီက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ယင်ကောင်ကို မေးလိုက်ပါတယ်။
"မင်းတို့သန္ဓေပြောင်းဗိုလ်ချုပ်တွေက သာမန်ပိုးကောင်တွေမသိနိုင်တဲ့ ကိစ္စတချို့ကို သိနိုင်တယ်လို့ဆိုတယ်။ ငါသိချင်တဲ့ ကိစ္စတချို့ကို ဖြေပေးနိုင်မလား။"
အမေးခံရတဲ့ယင်ကောင်ရဲ့မျက်နှာက တည်ကြည်သွားပြီး လေးလေးနက်နက်စဥ်းစားတယ်။ မိနစ်ပိုင်းလောက် တိတ်ဆိတ်နေခဲ့ပြီးနောက်မှ ဥစာကီကိုပြန်ဖြေပါတယ်။
"ဟုတ်၊ ကျွန်တော့်ရဲ့ဘိုးဘေးတွေက မပြောရဘူးလို့ တားမြစ်ထားတဲ့အရာတွေကလွဲလို့ ကျန်တာတွေကိုတော့ ပြောပြနိုင်ပါတယ်။"
ဥစာကီကတော့ သက်ပြင်းချလိုက်မိတယ်။ ကြည့်ရတာ ပိုးကောင်ဘုရင်မတွေတောင်မှ အင်ပါယာတွင်းက ကိစ္စအားလုံးကို သိခွင့်မရကြဘူးထင်တယ်။ ယင်ကောင်ကလည်း ဥစာကီစိတ်ပျက်သွားတာကိုတွေ့ပြီး အခုလိုပြောပါတယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...