V5 Chapter 20

82 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Volume 20 - အကျိုးဆက်များ

ရှန်းယန်ခရိုင် မြို့လယ်ခေါင်မှာဖြစ်သွားတဲ့ လူသတ်မှုကြောင့် ဆုဗာနာတစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်လို့ပြောရင် မမှားဘူး။ အခုမီဒီယာတွေအကုန်လုံးက အဲဒီကိစ္စကိုပဲ တင်နေကြတာ။

အခင်းဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ ရှန်းယန်ခရိုင်က အခင်းဖြစ်ပွားရာကို မြို့စောင့်တပ်ဖွဲ့ရောက်လာပြီး ရာဇဝတ်မှုခင်းရေးရာကို လွဲပေးလိုက်ပါတယ်။ မက်ဒါနာနဲ့ဒီပတို့ကတော့ အချိန်တစ်ခုကြာတဲ့အထိ ရဲတပ်ဖွဲ့ကို ထွက်ဆိုချက်ပေးခဲ့ရပါတယ်။ သူတို့တွေက အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ မျက်မြင်သက်သေတွေပါ။

"သေဆုံးသူနဲ့ လုံးဝချွတ်စွတ်တူတဲ့ လူတစ်ယောက်၊ တရားခံကရုပ်ဖျက်ထားတယ်လို့ ပြောချင်တာလား။"

အမှုစစ်အရာရှိက မှတ်တမ်းသေချာယူပြီးမှ ဆုဗာနာနန်းမွေခံမင်းသားနဲ့မင်းသမီးကို ပြန်လွှတ်တယ်။ သူတို့ရှန်းယန်ခရိုင် မြို့လုံခြုံရေးစခန်းအပြင်ကိုရောက်တော့ ဗီအိုင်ပီကားတန်းနဲ့နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ဝင်ဆယ်ယောက်က သူတို့ကိုစောင့်နေတာ တွေ့လိုက်ရတယ်။

"ဒီပရေ၊ ဒါက ဘယ်လိုဖြစ်တာလဲ။" မက်ဒါနာက ဒီပရဲ့အင်္ကျီလက်အနားကို သာသာလေးဆောင့်ဆွဲပြီး မေးလိုက်တယ်။ ဒီပက သူ့အစ်မကြီးအမေးကြောင့် သိပ်ပြီး အခက်တွေ့ပုံမရဘူး။

"ကြည့်ရတာ ရှန်းယန်ခရိုင်လူသတ်မှုကို နယ်စားဖိုးဖိုးသိသွားပြီး ကျွန်တော်တို့ကို စိုးရိမ်နေတာဖြစ်လိမ့်မယ်။"

အခုနယ်စားကြီးက နယ်စပ်တံတိုင်းပေါ်မှာပါ။ ပုံမှန်ဆိုရင် ကိုယ်ရံတော်တပ်ဖွဲ့ဝင်အများစုက နယ်စပ်တံတိုင်းပေါ်မှာ နယ်စားကြီးနဲ့အတူရှိနေရမှာဖြစ်ပြီး တချို့တစ်ဝက်ကတော့ နန်းတော်ကိုစောင့်ရမှာပါ။ ဖြစ်နိုင်တာက နန်းတော်စောင့်နေတဲ့အထဲက တချို့ကို သူတို့ဆီပို့လိုက်ပုံပဲ။

"ထားပါ၊ ကျွန်တော်တို့ အရင်နယ်စားနန်းတော်ကို ပြန်ရအောင်။" ဒီပက သူ့အစ်မကြီးရဲ့ဝှီးချဲကိုတွန်းပြီးအထူးကားနားခေါ်သွားတယ်။ ကိုယ်ရံတော်တစ်ယောက်ကကားတံခါးဖွင့်ပေးလိုက်ပြီး ဒီပကတော့ မက်ဒါနာကို ကားပေါ်တက်နိုင်အောင် ကူညီပေးတယ်။ ဝှီးချဲကိုတော့ ကိုယ်ရံတော်က ခေါက်လိုက်ပြီး ကားနောက်မှာချိတ်တယ်။ ​တံခါးပိတ်လိုက်ပြီးနောက် ဗီအိုင်ပီကားတန်း စထွက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now