V9 Chapter 14

47 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 14 - မစ်ရှင်အဖွဲ့ရဲ့အသုံးမကျဆုံး


 လင်ဒါက ရုံးခန်းထဲမှာ အလုပ်လုပ်နေရင်း သက်ပြင်းချလိုက်တယ်။ ကွင်းရဲစခန်းကို ပြန်ရောက်လာတာ ရက်အနည်းငယ်ရှိပြီ။ အမှုအခင်းတချို့ နည်းနည်းပါးပါးရှိခဲ့ပေမဲ့ အရမ်းအကြီးကြီးတော့မရှိဘူး။

ဒေါက်... ဒေါက်... ဒေါက်...

 "ဝင်ခဲ့ပါ။" အပြင်ဖက်ကနေ တံခါးခေါက်သံကြားတဲ့အတွက် လင်ဒါက ကွန်ပျူတာကနေ အကြည့်လွှဲလိုက်ပြီး ခွန်းတုံ့ပြန်တယ်။ မကြာခင်မှာပဲ လက်ထဲမှာ သူမှာထားတဲ့ နေ့လယ်စာဘူးကိုင်ထားတဲ့ ဆိုင်းရပ်အထဲဝင်လာပါတယ်။

 "စခန်းမှူး၊ မှာထားတဲ့ နေ့လယ်စာရပါပြီ။" ဆိုးရပ်က စက္ကူဘူးကို စားပွဲပေါ်တင်ပေးတယ်။ လင်ဒါက လှန်ကြည့်တော့ သူမှာထားတဲ့ ဘာဂါမဟုတ်ဘဲ တရုတ်တန်းက ထမင်းနဲ့ကြက်ကုန်းဘောင်ဖြစ်နေတာ တွေ့လိုက်ရတဲ့အတွက် သံသယအပြည့်နဲ့ ဆိုင်းရပ်ကိုကြည့်လိုက်လေရဲ့။

 "ဆိုင်းရပ်၊ နင်ငါမှာလိုက်တာကို သေချာနားမထောင်တာလား။"

 ဆိုင်းရပ်ကတော့ ရယ်ကျဲကျဲနဲ့ပဲပြန်ဖြေပါတယ်။ "ကျွန်တော်က အရာရှိကို နေ့တိုင်းအမြန်စာတွေစားပြီး ကျန်းမာရေးမထိခိုက်စေချင်လို့ပါ။"

 လင်ဒါလည်း ဆိုင်းရပ်ကို အပြစ်တင်လို့မရတဲ့အတွက် သက်ပြင်းချလိုက်ပြီး နေ့လယ်စာစစားတယ်။ တစ်ဖက်မှာတော့ ဆိုင်းရပ်က ရုံးခန်းထဲက အကူအတွက်ခုံမှာထိုင်ပြီး ဖိုင်တွေနဲ့အလုပ်လုပ်တယ်။ ခနလောက်ကြာတဲ့အထိတိတ်ဆိတ်နေပြီးတဲ့နောက် ဆိုင်းရပ်က စကားစလာပါတယ်။

 "အရာရှိ၊ မနက်ဖြန်က စနေနေ့ဆိုတော့ ညနေပိုင်း ခွင့်ခနယူပြီး တစ်နေရာရာမှာ ညစာစားကြမလား။"

 လင်ဒါက ညစာစားပွဲတွေနဲ့သိပ်အသားမကျပေမဲ့ သူနဲ့အချစ်ပြိုင်ဘက် ဖလေရာက အမြဲလိုလိုညစာစားပွဲတွေနဲ့ မက်ဒါနာကို ဆွဲဆောင်နေကျဖြစ်လို့ ဆိုင်းရပ်ရဲ့စိတ်ကို လင်ဒါအနည်းနဲ့အများတော့နားလည်တယ်။ ဒါပေမဲ့ သူဘာမှပြန်မပြောရသေးခင်မှာပဲ ရုံးခန်းတံခါးပွင့်သွားပြီး ရဲကြပ်ကလောက်ပြေးဝင်လာတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now