V6 Chapter 12

81 9 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 12 - ပြင်ပအကူအညီ

ဖရက်တစ်ယောက် နယူးယောက်မြို့ကြီးတစ်ခုလုံးကို မြင်နိုင်တဲ့အမြင့်မှာ ရပ်နေလိုက်တယ်။ ညဖက်ဖြစ်သလို သူ့ရဲ့အတောင်ပံနက်ကလည်း လူတွေတော်ရုံသတိမထားမိအောင် ကူညီပေးနိုင်တာကြောင့် တောင်ပံနက်နဲ့တမန်တော်တစ်ပါး မြို့ကြီးကိုစောင့်ကြည့်နေမှန်း လူတွေသတိမထားမိကြဘူး။

"မဖြစ်သေးဘူး၊ နယူးယောက်မြို့က အကျယ်ကြီးဥစ္စာကို မင်းသမီးလေးကို ငါဘယ်လိုလိုက်ရှာမှာလဲ။"

အချိန်ကြာလာတာနဲ့အမျှ ဖရက်စိတ်ငြိမ်လာတယ်။ အဲဒီနောက် မင်းသမီးလေးကို ရှာဖို့အတွက် သူစပြီး စဥ်းစားကြည့်တယ်။ "ဟုတ်ပြီ၊ မင်းသမီးလေး သွားတတ်မယ့်နေရာတွေ အရင်လိုက်ရှာကြည့်တာပေါ့။"

ဒီလိုစဥ်းစားပြီး မကြာခင်မှာပဲ ဖရက်ခေါင်းကုတ်ရပြန်တယ်။ "ဒါပေမဲ့၊ မင်းသမီးလေးက ဘယ်လိုနေရာတွေ သွားတတ်လဲ။" ဖရက် သူ့ခေါင်းသူရိုက်လိုက်မိတယ်။

"မင်းသမီးလေးအနားမှာနေပြီး မင်းသမီးလေးအကြောင်း မသိဆုံးသူက ငါဖြစ်နေပါလား။" ဖရက်က စိတ်ပျက်လက်ပျက်နဲ့ သူ့ဖုန်းကိုထုတ်လိုက်တယ်။ အခု​ခေတ်မှာ တစ်ခုခုကို မသိနားမလည်ဘူးဆိုရင် တစ်ခုပဲလုပ်စရာရှိပါတယ်။ အစ်မကြီးဂိုဂဲလ်ကိုမေးတာပါ။

ဖရက်: မိန်းကလေးတွေကို ဘယ်နေရာကို သွားတတ်ကြလဲ။

ဂိုဂဲလ်ရလဒ်များ: မိန်းကလေးတွေ သွားလေ့သွားထရှိတဲ့နေရာများနှင့် မိန်းကလေးများကို ချဥ်းကပ်နည်း ဆောင်းပါး။

ဖရက်မှာ အမည်မသိလူတစ်ယောက်ရေးထားတဲ့ အဲဒီဆောင်းပါးကို အားကိုးရုံအပြင် တခြားမရှိဘူး။ ဖရက်ဆောင်းပါးကို ဖွင့်လိုက်တော့ ဆောင်းပါးရှင်က အခုလိုပြောလာတယ်။

နယူးယောက်ညမှာ မိန်းကလေးတွေကို လိုက်ရှာချင်နေပြီဆိုရင်တော့ အကောင်းဆုံးက စတိတ်ရှိုးကျင်းပတဲ့နေရာတွေနဲ့ ဒင်နာအထူးပြု စားသောက်ဆိုင်တွေမှာ စပြီးရှာတာပဲ။

ဖရက်က ခေါင်းကိုစောင်းငဲ့ပြီး စဥ်းစားလိုက်တယ်။ မက်ဒါနာလို မိန်းကလေးတစ်ယောက်က အဆိုတော်တစ်ယောက်ကို သဘောကျနေပြီး အဲဒီအဆိုတော်ရဲ့ဖျော်ဖြေပွဲကို သွားတာမျိုးက တကယ်ဖြစ်နိုင်တယ်။ ဘာပဲပြောပြော မိန်းကလေးတွေကို အဲဒီလိုလုပ်ရတာကို သဘောကျကျကြတယ်လေ။

I just Wanna be Hero, not Heroine (Season 2)Donde viven las historias. Descúbrelo ahora