V6 Chapter 14

67 8 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 14 - ဟီးရိုးများနေ့

ခါတိုင်းလိုပဲ အန်တီလေးအိုလီဗာတစ်ယောက် ပြန်မအိပ်ခင် မနက်စာစားဖို့ ထလာတယ်။ အိုလီဗာက ဘားမှာအလုပ်လုပ်တာမလို့ မနက်အစောကြီးမှ ပြန်ရတာဖြစ်လို့ အိမ်ရောက်တာနဲ့ တန်းအိမ်လေ့ရှိပေမဲ့ မနက်စာမလွတ်အောင်တော့ ဖုန်းအလန်းပေးပြီး ထလေ့ရှိတယ်။

တီတီတီ... တီတီတီ...

ဒါပေမဲ့ အစောကြီးတော့မဟုတ်ဘူး။ မနက်ရှစ်နာရီလောက်ပါ။ ဆံပင်ဖားယားနဲ့ အိပ်ရာကနေထလာတဲ့ အိုလီဗာက မြည်နေတဲ့ ဖုန်းအလန်းကို ပိတ်လိုက်ပြီး အိပ်ရာကနေ ထထိုင်လိုက်တယ်။ အဲဒီနောက် သူ့​အခန်းပတ်ပတ်လည်ကို လှည့်ကြည့်မိတယ်။

သေသေသပ်သပ်ခေါက်ထားတဲ့ အဝတ်လဲဖို့အသင့်ထုတ်ထားတဲ့ အဝတ်အစားတွေက ပလက်စတစ်ပုံးအနီရောင်ပေါ်မှာ။ အခန်းရဲ့ထောင့်တစ်နေရာမှာတော့ အလှပြင်ဖို့ခုံအပုလေးနဲ့မှန်ရှိတယ်။ ဘားမသွားခင် အဲဒီနေရာမှာ အိုလီဗာအလှပြင်လေ့ရှိတယ်။

ညာဖက်နံရံမှာတော့ ဂီတာတစ်လက်ကို ချိတ်ထားပြီး ဂီတာနဲ့အတူ ဓာတ်ပုံတစ်ပုံကိုပါ နံရံမှာသံလိုက်နဲ့ချိတ်ထားတာ တွေ့နိုင်ပါတယ်။ ဆယ်ကျော်သက် အိုလီဗာက ပုံထဲမှာစင်ပေါ်တက်ပြီး ဂစ်တာတစ်လက်နဲ့အတူ သီချင်းဆိုနေတယ်။

"သတိမရတာကြာပြီဆိုပေမဲ့ ၂၀၁၃ ခုနစ်က ရိုက်ထားတဲ့ပုံပဲ။" အိုလီဗာက အပျင်းကြောဆန့်လိုက်ပြီး အိပ်ရာပေါ်က ဆင်းလိုက်တယ်။ ခါတိုင်းလိုပဲ ခြေဗလာ၊ ဖိနပ်ကတော့ သူလေးဘယ်ထားလို့ ထားမိမှန်းမသိ။ အတော်လေးလိုက်ရှာမှ မင်းလွင်နဲ့ ပထမဆုံးရှော့ပင်းမောသွားတုန်းက ဝယ်ထားတဲ့ ဖိနပ်လေးဖြစ်နေတာ သတိထားမိလိုက်တယ်။

"အဲဒီတုန်းက အတော်ပျော်ဖို့ကောင်းခဲ့တာ။" အိုလီဗာက သက်ပြင်းချလိုက်တယ်။ တကယ်တော့ မင်းလွင်ကို ဒီအစ်မကြီးကပဲ အဆောင်မှရှိနေတဲ့ တစ်ချိန်လုံး စောင့်ရှောက်ပေးခဲ့ရတာ။ ရုတ်တရက် မိန်းကလေးဖြစ်သွားပြီး အဆောင်ပြန်ရောက်လာတုန်းကလည်း မင်းလွင်ညီမလေးဆိုပြီး ဂရုစိုက်မိခဲ့သေးတယ်။ အခုမှ မက်ဒါနာက မင်းလွင်မှန်းသိရတာ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now