ငါက သူရဲကောင်းဖြစ်ချင်ရုံ
V7 Bonus Chapter - [ငါက ထည့်ချင်ပေမဲ့ ဇာတ်လမ်းနဲ့မဆိုင်ဘူးဖြစ်နေတယ်။]အသားညိုညိုနှင့်အိမ်စေမလေးက ပန်းရောင်အရည်ကြည်များပါသည့် ဖန်ကျည်တောက်ကလေးတစ်ခုကို စမ်းသပ်ခန်း ဓာတုဗေဒဓာတ်ပြုစင်မှနေ၍ ဖြုတ်ယူလာပြီး ဒေါက်တာဝတ်စုံဝတ်ထားသည့် ကောင်လေးတစ်ယောက်ဆီ ကမ်းပေးလိုက်သည်။
"ဂုဏ်ယူပါတယ် သခင်လေးရှင့်။ သက်ရောက်မှုပြင်းထန်တဲ့ မိန်းကလေးပြောင်းဆေးရည်ကို တီထွင်လိုက်နိုင်ပါပြီ။"
ကောင်လေးက ဆေးရည်ပုလင်းကို လက်ထဲကိုင်ကြည့်ရင်း လှုပ်ခါကြည့်လိုက်၏။ "ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား။"
အိမ်စေမလေးက စမ်းသပ်ခန်းထဲမှ ယုန်များကို လက်ဖြင့်ညွန်ပြလိုက်ရင်း "သခင်လေးရှင့်၊ အဆင့် ၂ တိရိစ္ဆာန်တွေအပေါ် စမ်းသပ်မှုကတော့ လုံးဝအောင်မြင်ပါတယ်။ အဆင့် ၃ ပရိုင်းမိတ် ဆေပီယန်တွေအပေါ် စမ်းသပ်ကြည့်ဖို့ပဲ လိုတော့တာပဲ။"
"ကောင်းပြီလေ၊ ဒါဆိုလည်း ဆန်းကြည့်တာပေါ့။"
ကောင်လေးက ပြောပြောဆိုဆိုနှင့် ဆေးပုလင်းအဖုံးကို ပွင့်လိုက်ပြီး တစ်ခါတည်း သောက်ချလိုက်၏။ အိမ်စေမလေးက စိုးရိမ်နေပြီး တားဆီးရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားလေပြီ။အိမ်စေမလေး၏မျက်စိရှေ့မှာတင် ကောင်လေးခန္ဓာကိုယ်က ကျုံဝင်သွားပြီး ဆံပင်နည်းနည်းရှည်လာသည်။ ရင်ဘတ်တွင် မက်မွန်သီးလေးနှစ်ခု ဖူးထွက်လာကာ အာဒံ၏ပန်းသီးလေးလည်း ပျောက်ကွယ်သွား၏။ ကောင်လေး (ကောင်မလေး)က မှန်တစ်ချပ်ကို ထုတ်ကြည့်ပြီး သူ့ကိုယ်သူ ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်သည်။
"မှားစရာမရှိဘူး၊ ငါမိန်းကလေးဖြစ်သွားတာ ကျိန်းသေသွားပြီ။ ဒီလိုအချိန်မှာ ဘာပြောသင့်လဲ။"
ကောင်မလေး၏ဦးနောက်ထဲတွင် အကြံဉာဏ်ဆိုးများဖြင့် ပြည့်နှက်လာပြီး ရုတ်တရက် မျက်နှာထားက လေးနက်သွားကာ ဂန္တဝင်တွင်မည့် စကားတစ်ခွန်းကို ပြောလိုက်လေ၏။
"ငါ မိန်းကလေးဖြစ်လာခဲ့ပြီ၊ လောကမှ ယောက်ျားသားအားလုံးမျိုးတုန်းအောင် ဖျက်ဆီးမည့်သူဖြစ်ပေသည်။"
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...