V8 Chapter 26

47 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 26 - စိတ်ဝိညာဥ်


 ပထမဆုံး ဟင်းကိုမြည်းစမ်းခွင့်ရတာက မက်ဒါနာအဖွဲ့ထဲက လူတစ်ယောက်မဟုတ်ပါဘူး။ ဒီအတိုင်း ပွဲလာကြည့်တဲ့ ရေကစားကွင်းအလည်လာသူတစ်ယောက်ပါ။ အဲဒီအမျိုးသားက အရင်ဟင်းပွဲကိုအထင်သေးတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ အဲဒီနောက်မှ အပိုင်းသေးသေးလေးကို ခက်ရင်းနဲ့ထိုးပြီး ပါးစပ်ထဲထည့်တယ်။

ခရက်...

 ဂေါ်ဖီအပိုင်းကို ဝါးသံတဲ့အတူ သူ့ခန္ဓာကိုယ်က ကြွက်သားတွေအကုန်လုံး တောင့်တင်းသွားပြီး တွေတွေကြီးရပ်နေတယ်။ အဲဒီနောက်တော့ သူ့ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာရော။ အဲဒီနောက်တော့ တရှုံ့ရှုံ့နဲ့အခုလို မှတ်ချက်ပေးလိုက်လေရဲ့။

 "ဒီဟင်းပွဲက ဘာမှားနေမှန်းမသိပေမဲ့ ရုတ်တရက်ကြီး ကျွန်တော့်အမေကို သတိရလာသလိုပဲ။" သူက မက်ဒါနာကို အနိုင်မဲပေးလိုက်ပြီး ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ဖုန်းကိုနှိပ်ပြီး အိမ်လို့ရေးထားတဲ့ဖုန်းနံပါတ်ကို လှမ်းဆက်တယ်။

 "အမေရေ၊ အမေ့ကိုအဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သားဆိုးသားမိုက် ဒီတစ်ပတ်အိမ်ပြန်လာတော့မယ် အမေ။ သားအမေ့ကိုလွမ်းတယ်။"

 "....." ကြည့်နေတဲ့သူများ။

 စားဖိုမှူးကြီးရေမီကတော့ အဲဒီမြင်ကွင်းကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ ဟင်းပွဲတစ်ပွဲက ဘယ်လောက်ကောင်းလို့ ယောက်ျားရင့်မာကြီးတစ်ယောက်ကို မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင် လုပ်နိုင်တာလဲ။

 လိုင်းပေါ်က ကြည့်နေတဲ့သူတွေလည်း အတူတူပါပဲ။အကုန်လုံးက အဲဒီလူကို မက်ဒါနာက ငွေပေးထားပြီး လံကြုပ်ဇာတ်သွင်းတယ်လို့ပဲ ယူဆနေကြတာ။ "မျက်နှာပြောင်တိုက်လိုက်တာ၊ အဲဒီကောင်မလေးက ပရိသတ်ဘယ်နှစ်ယောက်ကို လာဘ်ထိုးနိုင်မှာမလို့လဲ။ စားဖိုမှူးကြီးရေမီပဲနိုင်မှာ။" ဒီလိုပြောဆိုမှုမျိုးတွေအများကြီးရှိနေတာကို တိုက်ရိုက်ထုတ်လွှင့်မှုရဲ့မန့်ထဲမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့...

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now